အပိုင်း ၂၆

330 2 0
                                    

"သွေးသစ်! သွေးသစ်!"

"ဗျာဒေါ်လေး"

"မင်းတို့ဘယ်လိုဖြစ်ကြတာလဲကွယ်ဒေါ်လေးဈေးခနသွားတဲ့အချိန်လေးအတွင်းကိုမင်းတို့ကရန်ဖြစ်ချိန်ရလိုက်ကြသေးတာလား ဒီတစ်ယောက်ကလဲနှုတ်ခမ်းမှာသွေးတွေနဲ့ဟိုတစ်ယောက်လဲဖူးယောင်လို့ဘယ်လိုတွေဖြစ်နေကြတာတုန်း"

Flash back
ဒေါ်မြတ်သွေးနီတစ်ယောက်ဈေးသွားပြီပြန်လာတော့ရပ်ကွက်ထိပ်မှာဇော်ခန့်နဲ့တွေ့လေသည်။မျက်နှာကလဲဖူးယောင်ပြီးနှုတ်ခမ်းမှာလဲသွေးတွေထွက်နေတော့ဒေါ်မြတ်သွေးနီလန့်သွားလေသည်။ဘယ်သူတွေနဲ့ရန်များဖြစ်လာလဲမသိဘူး

"ဇော်ခန့် ဘယ်လိုဖြစ်တာလဲငါ့သားမျက်နှာကလဲဖူးယောင်လို့ရန်ဖြစ်လာပြန်တာလား"

"ဟုတ်တယ် အမေ့တူသွေးသစ်ဆိုတဲ့ကောင်ကြောင့်သားအထိုးခံလိုက်ရတာ"

"ဟယ် ဘယ်လိုဖြစ်တာလဲသွေးသစ်ကထိုးလိုက်တာလား ဒီလောက်ဖူးယောင်နေတာတောင်မင်းကဘယ်သွားဦးမလို့လဲဟဲ့"

"ဘယ်ရောက်ရောက်လျှောက်သွားမလို့အိမ်မှာဆက်နေရင်လူသတ်မှုတွေဖြစ်ကုန်လိမ့်မယ်"

"ဟယ်အေ မင်းတို့ကလဲငါဈေးလေးခနသွားတာပါဟယ်ဘယ်လိုဖြစ်ကုန်ကြတာလဲ လာ လာငါနဲ့ပြန်လိုက်ခဲ့အိမ်ကို"

"ဟာ အမေရာမနေချင်လို့တောင်ထွက်လာတာကိုဘာလို့ထပ်ခေါ်နေတာလဲ"

"ဇော်ခန့်! မင်းငါအသာတကြည်ခေါ်နေတုန်းလိုက်နော်!"

"သွားဗျာ သွား သွား လိုက်မယ်"

Flash back end
"ကိုဇော်ခန့်သားဆီကပိုက်ဆံတောင်းတာကနေဖြစ်တာပါဒေါ်လေး"

"ဟဲ့ဇော်ခန့်နင့်ကိုငါပေးထားတယ်လေငါပေးတာနဲ့ကိုနင်မလောက်တာလား"

"အမေပေးတာသုံးထောင်ထဲလေဗျာ ဒီအသက်အရွယ်ကသုံးထောင်ထဲနဲ့ဘာလုပ်ရမှာတုန်းဗျ"

"မင်းကဘာလုပ်မှာမလို့မလောက်တာလဲ ပြီးတော့သူ့ဆီကဘယ်လောက်တောင်းတာလဲ"

"ငါးသောင်း"

"ငါးသောင်း! မင်းအဲလောက်ပိုက်ဆံတွေနဲ့ဘာလုပ်မလို့တုန်းဇော်ခန့်ရဲ့ ငါ့ကိုသွေးတိုးအောင်မလုပ်နဲ့နော်"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now