အပိုင်း ၁၇

355 5 0
                                    

ကွန်းတို့ချောက်မြို့မှာနှစ်ရက်လောက်နေပြီးတော့ပုဂံကိုပြန်လာခဲ့ကြသည်။

"သွေးသစ်ဓာတ်ပုံတွေသွားအပ်တော့မှာလား"

"အေးဟုတ်တယ် လိုက်မလို့လား"

"မဟုတ်ပါဘူးကွာ မေးကြည့်တာ"

"ဪအေးအေး ဒါဆိုငါသွားလိုက်ဦးမယ်"

"အင်း အင်း"သူခန့်နဲ့သွေးသစ်တို့လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောနေကြတာဖြစ်သည်။ဓာတ်ပုံတွေရသင့်သလောက်ရတော့ပွဲမန်နေဂျာကိုသွားအပ်ပြီးအလုပ်ကိစ္စပြောဖို့စီစဉ်နေတာဖြစ်သည်။သူခန့်လဲသွေးသစ်သွားတာနဲ့ဟိုတယ်ကိုလာလိုက်သည်။ဟိုတယ်ကိုရောက်တော့ရတုကပန်းပင်တွေနားမှာထိုင်ပြီးကွန်ပျူတာသုံးနေလေသည်။ရတုကသူခန့်ကိုမြင်တော့နှုတ်ဆက်လေသည်။ထို့ကြောင့်လမ်းလျှောက်နေရင်းရတုကိုပြန်နှုတ်ဆက်လေသည်။ခြေလှမ်းတစ်လှမ်းလှမ်းပြီးနောက်မှာတော့
:ဘုတ်

"အ"
ဟိန်းမြတ်နဲ့သူခန့်နှစ်ယောက်သားထံမှပြိုင်တူထွက်လာကြသည်။အကြောင်းမှာဖုန်းကြည့်ပြီးလျှောက်လာသည့်ဟိန်းမြတ်နဲ့ရတုကိုနောက်ပြန်နှုတ်ဆက်ရင်းလျှောက်လာသည့်သူခန့်တို့နှစ်ယောက်သားတိုက်မိကြခြင်းဖြစ်သည်။

"ဟာ sorry sorryကျွန်တော်မမြင်မိလိုက်လို့နော်"

"ရပါတယ်ကျွန်တော်လဲသေချာကြည့်ပြီးမလျှောက်လိုက်မိလို့ပါ"

"ဟုတ် ဒါဆိုခွင့်ပြုပါဦးနော်"

"ကောင်းပါပြီဗျ"

"ကိုသူခန့်ရေ sorryဗျာကျွန်တော့်ကိုနှုတ်ဆက်နေရင်းတိုက်သွားတာ"ရတုကcomputerကြည့်နေရင်းကနေပိတ်ပြီးသူခန့်အနားလျှောက်လာရင်းပြောခြင်းဖြစ်သည်။

"ဪ မဟုတ်တာပဲဗျာရပါတယ်ဗျ"

"ဟီး ဟုတ်"

"ဒါနဲ့လေဟိန်းမြတ်ကတစ်ခုခုကိုအလျင်လိုနေသလိုပဲနော်ဘာဖြစ်တာလဲဟင်"

"ဗျာ ဟုတ်လားကျွန်တော်လဲသေချာမသိဘူးကျွန်တော်အပြင်ထွက်လာတဲ့အထိသူတို့နှစ်ယောက်ကမနိုးကြသေးတော့သေချာမသိဘူးဗျ"

"ဪ ဟုတ်ပါပြီဗျ ဒါနဲ့ကိုရတုရောမနက်စာစားပြီးပြီလားဗျ မစားရသေးရင်စီစဉ်ပေးရအောင်ပါ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now