အပိုင်း ၅၂

349 5 0
                                    

နောက်တစ်နေ့
သွေးသစ်တို့သားအဖdutyပြီးသွားတော့အိမ်ပြန်ဖို့ဟိုတယ်ထဲကထွက်လာကြသည်။အပေါက်ဝရောက်တော့အဖြူရောင်တီရှပ်ကိုအပေါ်ကမီးခိုးနဲ့အဖြူကွက်ကျားချည်ထည်လက်ရှည်ထပ်ဝတ်ထားကာအောက်ကဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်ထားပြီးကားကိုမှီကာရပ်နေတဲ့ကွန်းကိုတွေ့လိုက်ရသည်။သွေးသစ်ကွန်းကိုစိုက်ကြည့်နေမိသည်။အရင်ကလဲဒီလိုပုံတစ်ခါတလေမြင်ဖူးပါရဲ့နဲ့မျက်လုံးကအကျင့်မကောင်းစွာထပ်ပြီးစိုက်ကြည့်နေမိပြန်သည်။

"ဦးဦး"

"ဗျာ့...သမီးလေးတို့ကပြန်တော့မလို့လား"

"ဟုတ်ဦးဦး ကြန်တော့မှာ"

"ဒါဆိုဦးဦးလိုက်ပို့မယ်"

"ဟင် တကယ်ယားဦးဦး"

"ဒါပေါ့ သမီးအဖေပါခေါ်လိုက်ပါဦး ဦးကိုစိုက်ကြည့်နေရ‌တာညောင်းနေတော့မယ်"
ပယင်းသွေးသစ်တို့အပြင်ထွက်လာတော့သူ့ကိုမြင်ကတည်းကပယင်းသွေးသစ်စိုက်ကြည့်နေမှန်းသိတာနဲ့ပြောလိုက်သည်။ထိုအခါမှရှက်ရမ်းရမ်းပြီး

"အဟမ်း!! မလိုက်ဘူး မလိုက်ရဘူးသမီးငယ် ဖေဖေတို့ကိုယ့်ဘာသာပြန်မယ်လာ"

"ဖေဖေကယဲ ရှိုင်ကယ်ကဦးကြီးကိုပေးယိုက်တာကိုအိမ်ကယဲဝေးကြီးမီးမီးညောင်းတယ်ဖေဖေရဲ့"

"ညောင်းရင်ဖေဖေချီမယ် လာ"

"ခင်ဗျားဘယ်လိုဖြစ်နေတာလဲပယင်းသွေးသစ် ကလေးကလိုက်ချင်နေတာကို လာ သမီးလေးတက်"

"မတက်ရဘူး မင်းငါတို့သားအဖနဲ့လာမပတ်သက်နဲ့ကွန်း"

"ဖေဖေတို့နှစ်ယောက်ကထော်ဘူးယားဟင်"

"ဟင်"
သွေးသစ်သမီးပြောတဲ့စကားကိုသဘောမပေါက်လို့ပြန်မေးမိသည်။

"ဖေဖေနဲ့ဦးဦးနဲ့ကတူငယ်ချင်းတွေရှို ထော်ကြဘူးယားယို့"

"မဟုတ်ပါဘူး ဖေဖေတို့ကသိတောင်မသိဘူး လာအိမ်ပြန်ကြစို့ ‌ဦးကြီးဖို့ဟင်းချက်ရဦးမှာ သွားရအောင်"
ဆိုကာသွားဖို့ပြင်နေစဉ်လက်မောင်းကနေဆွဲတာခံလိုက်ရသည်။

"ပယင်းသွေးသစ်ခင်ဗျားခေါင်းမာတာခုထိမလျှော့သေးဘူးပဲ ကျုပ်ကိုမုန်းနေရင်တောင်ခင်ဗျားသမီးမျက်နှာထောက်ဦး ဟိုမှာပြန်ချင်ပုံမရဘူး"
ဆိုကာသမီးငယ်ကိုလက်ညှိုးထိုးကာပြောတော့မျက်နှာလေးကမအီမလည်ဖြစ်နေသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now