အပိုင်း ၅၇

342 7 0
                                    

"ကိုကို"

"ဗျာ"

"အဆင်ပြေခဲ့လား"

"အင်းပြေတယ် သန်ဘက်ခါဟိုတယ်ရှင်များအစည်းဝေးရှိတယ်"

"ဟုတ်လား ဒီတစ်ခါရောဘယ်မှာလဲ"

"ဒီတစ်ခါတော့သံတွဲဟိုတယ်မှာပဲလုပ်မယ်တဲ့"

"ဪ ကျွန်တော်လိုက်ခဲ့မယ်"

"ဘာလို့လဲ"

"စိတ်မချလို့လေ အရင်ခါကျွန်တော်မလိုက်တုန်းကဟိုကောင်တွေကကိုကို့ကို‌ဘယ်လောက်တောင်ကြည့်နေလိုက်ကြလဲ ပြောရင်းနဲ့ဒေါသထွက်လာပြီ"

"ဟိန်းမြတ်ကလဲကွာ အဲ့တုန်းကလဲမင်းပဲပွဲကြမ်းလို့ဟိုမှာအလဲလဲအကွဲကွဲနဲ့စိတ်လျှော့ပါ"

"မလျှော့နိုင်ပါဘူး သေအောင်သတ်ပစ်ချင်တာကိုကိုတားလို့သာလျှော့လိုက်တာ"
တကယ်လဲဟုတ်ပါသည်။အဲ့နေ့ကသူသာမတားရင်ဟိုဘက်လူတွေအကုန်မတွေးရဲစရာ။ဟိန်းမြတ်ကိုအေးအေးဆေးဆေးသမားထင်ထားခဲ့တာ။အထင်နဲ့အမြင်တစ်ခြားစီပေ။အဲ့ဒီနေ့ကသူ့ကိုကြည့်နေကြလို့ဆိုပြီးသောင်းကျန်းလိုက်တာသူခန့်မှာကျန်တဲ့လူကြီးတွေနဲ့သက်ဆိုင်ရာတွေကိုမနည်းတောင်းပန်လိုက်ရသည်။

"ကဲ ကဲမင်းသဘော အရင်ခါလိုသောင်းကျန်းရင်တော့ငါမခေါ်ဘူးနော်"

"ဟင် အဲ့တာကသူတို့ပေါ်မူတည်တယ်လေဗျာသူတို့ကကိုကို့ကိုငမ်းနေကြရင်တော့လုပ်သင့်ရင်လုပ်ရမှာပဲ"
သူခန့်မျက်စောင်းထိုးလိုက်ရင်းဗိုက်ကိုလိမ်ဆွဲလိုက်သည်။

"အ! အ!ကိုကို"

"ပြောနေရင်းနဲ့ကိုဆိုးလာတယ်မင်း!"

"ကိုကိုကလဲ"

"မောင်းတော့အိမ်ပြန်ချင်ပြီ"

"ဘာလဲမစောင့်နိုင်တော့ဘူးလား"

"ဒီ...!"
ဟိန်းမြတ်ပြုံးစိစိနဲ့ကားကိုစက်နှိုးပြီးအိမ်သို့မောင်းလိုက်တော့သည်။
အိမ်သို့ရောက်တော့သူခန့်ကကားထဲကဆင်းပြီးအထုပ်တွေသယ်မယ်လုပ်တော့ဟိန်းမြတ်ကပြာပြာသလဲနဲ့

"ကိုကိုဖယ် ကျွန်တော်သယ်မယ် ဖယ် ဖယ်"

"ရပါတယ်ဟိန်းမြတ်ရအထုပ်ကအလေးကြီးတွေကွ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now