အပိုင်း ၂၉

313 3 0
                                    

နောက်တစ်နေ့နံနက်
"ဟိန်းမြတ်အထုပ်ပိုးတွေသေချာစစ်ပြီးပြီလား"

"အေးစစ်ပြီးပြီရတု"
:ချလပ်
"ညီလေးတို့"

"ဪကိုသူခန့်တို့ လာပါဗျထိုင်ပါ"

"ပြင်ပြီးပြီလားဗျအထုပ်အပိုးတွေ"

"ဟုတ်ပြင်ပြီးပြီကိုသွေးသစ်"

"မနက်စာရောစားပြီးကြပြီလား"

"ဟုတ်ပြီးပြီကိုသူခန့် ကိုသူခန့်တို့ရောစားပြီကြပြီလား"

"အင်းပြီးပြီရတုရဲ့"

"ကွန်းရောမတွေ့မိပါဘူးအပြင်သွားနေတာလားညီလေး"

"ရေချိုးနေတာကိုသွေးသစ်ဒီနေ့ဒီကောင်အိပ်ယာထတာနည်းနည်းနောက်ကျနေတာ"

"ဪ"

"ဟိုရောက်ရင်ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်ကိုသူခန့်"

"အင်းပါ ဆက်‌လေ"

"ကျွန်တော်လဲဆက်မယ်နော်ကိုသူခန့်"

"ဆက်ပါဗျာ"

"ဟေ့ကောင်မင်းကဘာလုပ်ဖို့ကိုသူခန့်ကိုဆက်မှာလဲ"

"ဪသာကြောင်းမာကြောင်းမေးဖို့လေလူမှုရေးကွသူများတွေလိုတဏှာရေးမဟုတ်ဘူး"

"ကြပ်ကြပ်သတိထားနေကိုသူခန့်ရှေ့မလို့မင်းသက်သာသွားတယ်မှတ်"ဟိန်းမြတ်ကအံကြိတ်သံနဲ့ခပ်တိုးတိူးခြိမ်းခြောက်လေသည်။

"အမလေးဗျာ အချစ်ရဲ့စွမ်းအားတွေများတကယ်ကြီးပါ့"

"ဪပယင်းတို့ရောက်နေတာလား"ရေချိူးခန်းထဲကနေbathrobeနဲ့ထွက်လာတဲ့ကွန်းကမေးလေသည်။

"အင်းဟုတ်တယ်ကွန်း"

"တကယ်လာသားပဲကျွန်တော်ကပါမလာလောက်ဘူးထင်နေတာ"

"ကတိပေးထားတယ်လေလာရမှာပေါ့"

"ဟုတ်ကဲ့ပါဗျာ"

"ကိုသွေးသစ်တို့ရန်ကုန်လဲလာလည်ကြဦးနော်ရန်ကုန်ကိုလာရင်ကျွန်တော်တို့အိမ်‌မှာလာတည်းကြသိလား"

"ဟုတ်ကဲ့ပါရတုရယ်လာပါ့မယ်"

"ကျွန်တော်တို့လဲပုဂံကိုကြုံရင်ကြုံသလိုလာဦးမှာပါဗျအဲ့ကြကိုသွေးသစ်တို့ပဲဧည့်ခံရမှာနော်"

ပုဂံမြေကိုတိုင်တည်၍Όπου ζουν οι ιστορίες. Ανακάλυψε τώρα