အပိုင်း ၁၈

374 6 0
                                    

"ကွန်း ငါတို့ဘယ်နေ့ပြန်ကြမလဲ"ဟိန်းမြတ်ကမေးခြင်းဖြစ်သည်။

"ပြန်တော့မလို့လားကွ သုံး လေးရက်လောက်မနေတော့ဘူးလား"ရတုကပြန်မေးခြင်းဖြစ်သည်။

"အေးလေ သုံးလေးရက်ထိတော့မနေတော့ဘူးလေကွာအလုပ်တွေကရှိသေးတာကို တစ်ရက်နှစ်ရက်လောက်တော့နေဦးမှာပါ"

"အေးလေ ငါလဲအလုပ်လုပ်ရဦးမယ်"ကွန်းကလဲဝင်ထောက်သည်။သူတို့လဲနေချင်သေးပေမယ့်အလုပ်တွေကရှိနေသေးတယ်မလား

"အားရင်အားသလိုလာကြရအောင်လေမင်းကလဲ"ဟိန်းမြတ်ကဝင်ပြောသည်။

"အေးပါဟုတ်ပါတယ်အဲတာလဲ ငါဖြင့်လေဖြစ်နိုင်ရင်ဒီမှာပဲအခြေချနေလိုက်ချင်တော့တယ်ကွာ"ရတုကပြောလေသည်။တကယ်လဲဒီနေရာလေးကနေသူမပြန်ချင်သေးပါ

"အံမယ် မင်းကဒီစကားတွေဘာတွေတောင်ပြောလို့ပါ့ရော မင်းတောင်ရင့်ကျက်လာပြီ"ကွန်းကရတုကိုစလိုက်လေသည်။

"ငါကရင့်ကျက်ပြီးသားကွ မရင့်ကျက်ချင်ယောင်ဆောင်နေတာ"

"ဟုတ်ပါပြီကွာ"

"မင်းကဒီမှာအခြေချချင်တယ်ဆိုတော့မင်းမှန်မှန်ပြောစမ်း"

"ဘာလဲ"

"မင်းဒီကတစ်ယောက်ယောက်နဲ့တွေ့နေပြီမလား"ဟိန်းမြတ်ကစလိုက်လေသည်။

"အေးဟုတ်တယ်ကွ"ရတုကလဲအတည်ပေါက်ကြီးနဲ့ပြန်ဖြေသည်။

"ဒါဆိုဘယ်သူလဲပြောစမ်း မင်းကလျှိုထားတာငါတို့တောင်မပြောဘူး"

"ကိုသူခန့်လေ တအားချောတာကွညိုချောလေး ငါဖြင့်လေကိုသူခန့်ကိုမြင်ကထဲကချစ်မိသွားတာကွာ ကိုသူခန့်ကိုမြင်ရင်ကိုရင်ဘတ်ထဲကကောင်ကတအားခုန်လာတာကွ"

"တယ်....ဒီခွေးသူတောင်းစား!!"
ဟိန်းမြတ်ကဒေါသတကြီးထအော်သည်။အစကအဟုတ်မှတ်လို့နားထောင်နေတာဒီကောင်ကသူ့ချစ်သည်းကိုလာစနေတယ်။

"ငါတော့အဟုတ်မှတ်လို့ မင်းနောက်တစ်ခါထပ်ပြောရင်ကြိုက်တဲ့အခေါင်းရွေးထားလိုက်"

"ငါ့သားရယ်အဖေကသားမက်လေးကိုချစ်လို့စတာကို အဲလိုကြီးမနောက်ရဘူးလေဖေ့သားကြီးရဲ့"ရတုကစပ်ဖြဲဖြဲနဲ့ပြောလေသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now