အပိုင်း ၈

412 4 0
                                    

"ဇော်ခန့်ရေ!"

"ဇော်ခန့် သားအမေ့ဆီခနလာပါဦး"

"ဗျာ အမေ ဟုတ်"

"အမေဘာခိုင်းမလို့လဲသားအပြင်သွားရဦးမှာ"

"တယ် ဒီကလေးအပြင်ထွက်ဖို့လောက်ချောင်းနေတာ အမေနဲ့ဆိုင်ထွက်ဖို့ကူပြင်ပေးဦး"

"ဟာ အမေကလဲ"ဒေါ်မြတ်သွေးနီမျက်စောင်းသာထိုးပြလိုက်တော့သည်။

"ဟုတ်! ဟုတ်!"ဒါတောင်ဆူအောင့်အောင့်နဲ့ 'ဟုတ်' လိုက်ရတာဖြစ်သည်။
ဆိုင်သို့ရောက်သော်

"ကဲ အမေပစ္စည်းတွေနေရာချပြီးပြီ သားသွားတော့မယ်"

"နေဦး"

"အမေဘာပြောမလို့လဲသားနောက်ကျနေပြီဗျ"

"အသက်ကြီးမှရိုက်ခံချင်နေတာလားဇော်ခန့်"

"မဟုတ်ပါဘူး နောက်ကျနေလို့ပြောတာကိုအမေကလဲ"

"ပြောစရာရှိတယ်မင်းကို"

"..."

"ဟိုနေ့ကကိစ္စပြောမလို့သားကို"

"ဘယ်နေ့ကလဲအမေ"

"မင်းညီလေးကိုဟိုနေ့ကထိုးလိုက်တဲ့ကိစ္စလေ"

"ဪ ဟိုကောင်လား အဲ့ကောင်ကသားညီမှမဟုတ်တာ"

"ဟယ် နင်ဘယ်လိုတောင်ပြောလိုက်တာလဲဇော်ခန့်ရယ် အဲတာမင်းညီတစ်ဝမ်းကွဲတော်တယ်လေ မင်းဦးလေးငါ့အကိုကမွေးထားတဲ့သားလေ အဲတာမင်းညီမဟုတ်ဘူးပေါ့"

"အမေကလဲညီအရင်းမှမဟုတ်တာပဲ ဝမ်းကွဲပဲဥစ္စာ"

"ဝမ်းကွဲကွဲမကွဲကွဲအဲတာမင်းရဲ့တစ်ဦးတည်းသောညီလေးလေ"

"မသိဘူးဗျာ သားကအဲ့ကောင်ကိုကျေနပ်တာမဟုတ်ဘူး အဲ့ကောင်ကြောင့်အမေပါးရိုက်တာခံရတယ် ပြီးတော့အမေကလဲသူ့ကြကျပ်ပူထိုးပေးတယ်သားကြလုပ်မပေးဘူး"

"ဟဲ့ ငါ့လက်ဆငါသိတယ်နင့်ကိုအဲလောက်ထိမလုပ်ဘူးဇော်ခန့်ပြီးတော့မင်းထိုးလိုက်တာဟိုကလေးမှာယောင်သွားတယ်လေအဲတာကြောင့်လုပ်ပေးတာလေ ဒီအသက်ဒီအရွယ်ရောက်နေပြီနေရာတကာမတွက်ကပ်စမ်းပါနဲ့အေ"

"မသိဘူးဗျာ"

"အေး မသိရင်ဆက်ပြောမယ် ဘာလို့အဲလိုစကားတွေသွားပြောရတာလဲ ဟိုကအမေလဲမရှိတော့ဘူး အဖေကလဲဆုံးပြီငါတို့ကိုအားကိုးလို့ဒီအိမ်မှာနေနေတာလေကွယ် သားကအဲလိုကြီးသွားပြောတော့ညီလေးကြသနားပါတယ် သားကတော့အနိုင်လိုချင်လို့ပြောလိုက်တာဆိုပေမယ့်တစ်ဖက်သားကြဘယ်လောက်ခံစားသွားရမလဲစဉ်းစားကြည့်လေကွယ်"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now