အပိုင်း ၅၅

344 6 0
                                    

နောက်တစ်နေ့နံနက်မှာတော့ကွန်းတစ်ယောက်နိုးလာလေသည်။ကိုက်တာခဲတာတွေတော့ပျောက်သွားပေမယ့်ကိုယ်ပူကနည်းနည်းကျန်နေသေးသည်။အိပ်ယာကထလိုက်ပြီးအခန်းထဲကိုကြည့်နေသည်။အခန်းထဲမှာဓာတ်ပုံသေးသေးလေးတွေကပ်ထားသည်။အမရာနဲ့သွေးသစ်တို့နှစ်ယောက်ပုံလေးတွေဖြစ်သည်။ကွန်းကြည့်ရင်းနဲ့ပြုံးနေမိသည်။တကယ်ပါဒီသားအဖကကမ္ဘာပေါ်မှာအလှဆုံးအပြုံးလေးတွေကိုပိုင်ဆိုင်ထားကြတာ။သွေးသစ်ပြုံးလိုက်တဲ့အချိန်ဆိုကွန်းပတ်ဝန်းကျင်တစ်ခုလုံး‌ကိုမေ့သွားသည်အထိရွှန်းရွှန်းစားစားစိုက်ကြည့်နေမိသည်။အမရာလိုပဲပြုံးလိုက်ရင်သွေးသစ်ရဲ့ပါးဖြူဖြူလေးတွေကမို့တက်လာပြီးသွားစွယ်လေးတွေကပေါ်လာတတ်သည်။ကကြီးပုံနှုတ်ခမ်းလေးတွေကရယ်လိုက်တဲ့အခါအသည်းပုံနှုတ်ခမ်းလေးဖြစ်သွားသည်။သူများတွေကအလှဆုံးအပြုံးပိုင်ရှင်ကမိုနာလီဇာလို့ပြောရင်ကွန်းကတော့ပယင်းသွေးသစ်လို့ပဲဖြေမိမည်။ပယင်းရဲ့အပြုံးကသူ့အတွက်တော့ဘာနဲ့မှအစားထိုးလို့မရတဲ့သက်ဝင်ပန်းချီကားလေးတစ်ချပ်ဖြစ်သည်။ကွန်းနံရံပေါ်ကဓာတ်ပုံလေးတွေကြည့်ပြီးပြုံးနေတုန်းဘေးကသွေးသစ်ရောက်လာသည်။

"ဘာတွေကြည့်ပြီးပြုံးနေတာလဲ သက်သာလား"

"အင်းသက်သာပါပြီ"
သွေးသစ်ကွန်းနှဖူးကိုစမ်းလိုက်တော့ကွန်းကြောင်အသွားသည်။

"နည်းနည်းတော့ပူသေးတယ်ဒီမှာသွားပွတ်တံနဲ့သွားတိုက်ဆေးခေါင်းရင်းမှာမျက်နှာသွားသစ်ငါဆန်ပြုတ်ပြုတ်ထားတယ်"
ကွန်းလဲသွေးသစ်ပေးတဲ့သွားတိုက်တံယူလိုက်ပြီးခေါင်းရင်းဘက်ထွက်သွားသည်။သွေးသစ်လဲမီးဖိုချောင်ထဲပြန်လာပြီးအမရာလေးဖို့မနက်စာပြင်ပေးလိုက်သည်။

"ဖေဖေဦးဦးနိုးပြီယားဟင်"

"အင်းနိုးပြီးသမီး"

"နေတောင်းတွားပြီးယားဟင်ဦးဦးက"

"အင်းကောင်းသွားပြီတဲ့ ဘာလို့လဲ"

"ချိတ်ပူယို့"

"အယ် သမီးကဘာလို့စိတ်ပူတာလဲ"

"တိဝူးချိတ်ပူရယ်ဦးဦးတစ်ထုထုခြစ်မှာကို"

"အမလေးဗျာဦးလေးအရင်းခေါက်ခေါက်ကြီးကသူ့ဘေးမှာချော်လဲတာတောင်မသိချင်ယောင်ဆောင်ပြီးထသွားတဲ့သူကဒီလူကြမှစိတ်ပူသတဲ့ သွေးကတော့စကားပြောတယ်ဟေ့ပယင်းသွေးသစ်ရေ"
သွေးသစ်ကိုဇော်ခန့်ကိုဘာမှပြန်မပြောပဲမျက်မှောင်သာအသာကျုံ့ပြလိုက်သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now