အပိုင်း ၁၉

311 6 0
                                    

နောက်တစ်နေ့သို့ရောက်သော်

"ဟာ ဟေ့ကောင်ပြင်ပြင်ဆင်ဆင်နဲ့ဘယ်သွားမလို့လဲကွ"
ရတုကဟိန်းမြတ်ကိုမေးလေသည်။ကွန်းလဲipadကြည့်နေရင်းကနေရတုပြောသံကြားတော့ဟိန်းမြတ်ဆီအကြည့်ပို့လိုက်သည်။ပြီးတော့မျက်မှန်ကိုချွတ်လိုက်ရင်း

"ဒီကောင် ကိုသူခန့်ကိုပြောတော့မှာလေ"

"ဟာ ဟုတ်လှချည်လား"

"အေးပြန်တော့မှာဆိုတော့ငါပြောလိုက်တော့မလားလို့ကိုသူခန့်ကို"

"အေး ပြောလိုက်ပေါ့ကွအနည်းဆုံးတော့မင်းစိတ်ကိုသူသိသွားတာပေါ့"ရတုကပြောလိုက်သည်။

"အေး ငါလဲအဲတာပဲပြောနေတာအနည်းဆုံးတော့ကိုသူခန့်စိတ်ထဲမင်းရောက်သွားမှာပဲ"ကွန်းကလဲထောက်ခံသလိုပြောသည်။

"အေးလေ ဟုတ်သားပဲ"

"အေးပါကွာ ငါလဲပြောဖို့လုပ်နေတာပါပဲ ဟ ငါ့ကောင်တွေရေလက်ကိုစမ်းကြည့်ဦးအေးစက်လို့တစ်ခါမှမဖြစ်ဖူးဘူး"ဟိန်းမြတ်ကပြောတော့ရတုလဲလက်ကိုစမ်းကြည့်တော့တကယ်ကြီးအေးစက်နေလေသည်။

"ဟ ဟုတ်သားကွန်းမင်းကောင်လက်လဲကိုင်ကြည့်ဦးအေးစက်လို့"ရတုကပြောတော့ကွန်းလဲလက်ကိုကိုင်ကြည့်လိုက်သည်။

"မင်းကလဲကွာ Managing director ဟိန်းမြတ်ခမဟုတ်တဲ့အတိုင်းပဲအေးဆေးပေါ့ကွ relax"

"မတူဘူးလေကွာမင်းကလဲ"

"အေးပါကွာ"
:ဒေါက်
:ဒေါက်
"ဟိန်းမြတ် အကိုရောက်ပြီနော်"

"ဟုတ် ကိုသူခန့်"

"Fightingငါ့ကောင်"
"Fightingဟိန်းမြတ်"
နှစ်ယောက်လုံးတက်ညီလက်ညီအားပေးလိုက်သည်။

"ဆုတောင်းပေးကြဦး"

"အေးပါကွာ မင်းကလဲစစ်တိုက်ထွက်မှာကြနေတာပဲတကယ်တည်း"ရတုကအော်ပြောလိုက်သည်။

"အော ရောက်ပြီလားဟိန်းမြတ်"

"ဟုတ် အကိုစောင့်လိုက်ရလား"

"မစောင့်ရပါဘူးဟိန်းမြတ်ရဲ့ကိုယ်လဲခုလေးတင်ရောက်တာ"

"ဪဟုတ်ကဲ့"

"ဘယ်သွားချင်လဲဟိန်းမြတ်"

"အမ်....ဗူးဘုရားသွားရအောင်လေကိုသူခန့်"

"ဪ ကောင်းပြီသွားမယ်လေ"

:ဗူးဘုရားသို့ရောက်သော်
ဘုရားဖူးပြီးတော့သောင်ပြင်ဘက်ကိုဆင်းလာကြသည်။သောင်ပြင်ကြီးနဲ့မြစ်ကြီးကိုနေဝင်ချိန်ဆည်းဆာအလှကပံ့ပိုးပေးနေသည်။ဟိန်းမြတ်ဖွင့်ပြောဖို့အတွက်ကိုသဘာဝတရားကြီးကပါပံ့ပိုးပေးနေသည့်အလား

"အမရေ ကျွန်တော်တို့ကိုအကြော်စုံတစ်ပွဲပေးပါဗျို့"
သူခန့်ကပဲအရင်စမှာလိုက်သည်။သူကဒေသခံမလား။အနည်းငယ်ကြာသော်

"ဟော ရောက်လာပြီစားဦးလေဟိန်းမြတ်နည်းနည်းတော့ပူမယ်နော်အခုမှအိုးထဲကချလာတာဆိုတော့"

"ဟုတ်...."

"အဟင်း ဟိန်းမြတ်ပြောစရာရှိတယ်ဆို"ပြောစရာရှိတယ်ဆိုပြီးဖုန်းဆက်ခေါ်လို့ရောက်လာတာဖြစ်သည်။ပြောမယ်ဆိုတဲ့သူကအခုထိတစ်ခွန်းမှမဟသေးသူကြောင့်သူခန့်ကပဲအရင်စကားစလိုက်တော့သည်။

"ဟုတ် ကိုသူခန့်ကိုကျွန်တော်အရင်ခါမေးဖူးတယ်နော် ကျွန်တော်သိချင်တာရောဖြေပေးနိုင်မလားဆိုတာ"

"ဪ မှတ်မိပြီ အင်းမေးဖူးတယ်လေကိုယ်တောင်ဖြေတတ်တာဆိုရင်ဖြေပေးမယ်ဆိုပြီးပြောခဲ့တာ"

"ဟုတ် အဲတာအခုမေးချင်လို့"

"မေးစေဗျာ"သူခန့်ကပြုံးပြုံးလေးပြောသည်။

"ဟို... ဟို....."

"ပြောလေဟိန်းမြတ်ရာတဟိုဟိုနဲ့"

"ကိုသူခန့်ကိုကျွန်တော်ချစ်တယ်ကိုသူခန့်ရောကျွန်တော့်အပေါ်ပြန်ပြီးချစ်ပေးနိုင်မလားဗျ"

"........"

"ဟို sorryစိတ်လှုပ်ရှားသွားလို့ကျွန်တော်ကိုသူခန့်အပေါ်ထားတဲ့သဘောထားကိုပြောပြတာပါ ကိုသူခန့်ကျွန်တော့်ကိုစိတ်ဆိုးရင်လဲစိတ်ဆိုးပြေတဲ့အထိတောင်းပန်ပါ့မယ်"

"ဟို ရပါတယ်ရုတ်တရတ်ကြီးဆိုတော့ဘာပြန်ပြောရမှန်းမသိဖြစ်သွားတာ"

"ဪဟုတ်ကဲ့ဗျ စိတ်မဆိုးဘူးမလားဟင်"

"ဪ ဟိုရပါတယ်စိတ်မဆိုးပါဘူး ကိုယ်နားလည်ပါတယ်ဒီကိစ္စတွေကိုယ်လဲလူငယ်ပဲဟာ"

"ကျေးဇူးတင်ပါတယ်ဗျ စိတ်မဆိုးတာကိုပဲတကယ်ကျေးဇူးတင်လှပါပြီဗျာ"

"ရပါတယ်ဗျာ"ဆိုပြီးနှစ်ယောက်သားကြားလေထုကတိတ်ဆိတ်သွားလေသည်။ဟိန်းမြတ်ကလဲပြောတုန်းကပြောပြီးအခုမှမျက်နှာပူနေသည်ကြောင့်အရှက်ပြေဧရာဝတီမြစ်ကြီးကိုငေးကြည့်နေလေသည်။သူခန့်လဲဘာဆက်ပြောရမှန်းမသိ၍မြစ်ပြင်ကျယ်ကြီးကိုငေးကြည့်နေလေသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now