အပိုင်း ၆

487 7 0
                                    

"ဧည့်သည်တွေကမလာသေးဘူးလား ဂျာကြီး"သူခန့်ကစိတ်မရှည်သလိုမေးသည်။

"ရောက်တော့မှာပါ သူခန့်ရာ တစ်ယောက်ကအိပ်ရာထနောက်ကျနေလို့တဲ့"ဂျာကြီးကဖြေရှင်းချက်ပေးသည်။
မနက် ၇နာရီအရောက်လို့သူတို့ဘက်ကပဲအရင်ချိန်းထားတာအခုသူတို့ပဲနောက်ကျနေပြန်သည်။နောက်ကျတာအကြောင်းမဟုတ်ပေမယ့်နှစ်ယောက်လုံးကမနက်စာမစားခဲ့ရသေးပေ။

"မင်းကလဲကွာ စိတ်ရှည်ရှည်ထားပါငါတို့ကဝန်ထမ်းပဲလေသည်းခံပေးရမှာပေါ့ကွ"သွေးသစ်ကဘေးကနေဝင်ပြောသည်။

"အချိန်ကိုမလေးစားလို့ပြောနေတာပါကွာ"
သူခန့်ဆိုသည်မှာထိုကဲ့သို့သောလူစားမျိုးပင်။အချိန်ကိုတိကျတတ်တဲ့သူတစ်ယောက်သူ့ဘဝမှာချိန်းထားတဲ့အချိန်ထက်စောရင်စောမဟုတ်ရင်ကွက်တိအချိန်ကိုက်လာတတ်တဲ့သူမျိုးဖြစ်သည်။သူကိုယ်တိုင်လဲအချိန်‌ကိုလေးစားသလိုတစ်ဖက်သူကိုလဲအချိန်လေးစားမှသဘောကျသည်။

"ဟော ပြောရင်းဆိုရင်းရောက်လာကြပြီ"ဂျာကြီးကအားတက်သရောပြောလေသည်။
သွေးသစ်နဲ့သူခန့်လဲဂျာကြီးစကားသံကြားတာနဲ့တစ်ပြိုင်နက်ခေါင်းကိုငုံ့ကာဧည့်သည်တွေကိုဦးညွတ်၍

"မင်္ဂလာပါခင်ဗျ ***hotelကနေကြိုဆိုပါတယ်ခင်ဗျ ကျွန်တော်တို့နှစ်ယောက်ကဒီကအကိုတို့ကိုပုဂံမြို့အနှံ့လိုက်ပြပေးမယ့်သူတွေဖြစ်ပါတယ်ခင်ဗျ"

"Sorryကျွန်တော်တို့နည်းနည်းနောက်ကျသွားတယ်"

"ဟင် ဟိုညီလေး"
ကွန်းစကားသံနောက်မှပြိုင်တူထွက်ပေါ်လာသောရတုနဲ့ဟိန်းမြတ်တို့ရဲ့အသံ။အံ့ဩရပါသည်။သူတို့ကိုလမ်းပြောပြခဲ့တဲ့ကောင်လေးကဒီဟိုတယ်ကဝန်ထမ်းတဲ့လား။

"အယ် အကိုတို့"

"တွေ့ရတာဝမ်းသာပါတယ် ထပ်ဆုံကြပြန်ပြီနော်ညီ"ဟိန်းမြတ်ကသူခန့်ကိုနှုတ်ဆက်စကားဆိုလိုက်သည်။

ရတုကလဲ"ဟုတ်ပါ့ ထပ်ဆုံကြပြန်ပြီနော်"

"ဟုတ်ကဲ့ဗျ"သူခန့်ကလဲပြန်နှုတ်ဆက်သည်။

"သွေးသစ် သွေးသစ်! ဟေ့ကောင်"

"ဟေ ဟေဘာလဲပြောလေ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now