အပိုင်း ၃၃

303 4 0
                                    

"ကဲရောက်ပြီဆင်း"
ဓာတ်ပုံတွေဘယ်သူဝယ်လဲသိချင်ရင်လိုက်ခဲ့ဆိုပြီးသွေးသစ်ကိုအိမ်တစ်အိမ်သို့ခေါ်လာလေသည်။အိမ်လို့သာပြောတာနန်းတော်တမျှခမ်းနာထည်ဝါပြီးရှိန်ဝါမှုအပြည့်နှင့်ပင်

"ဒါဘယ်နေရာလဲကွန်း"

"ကျွန်တော့်အိမ်လေ"

"ဒါဆိုငါ့ဓာတ်ပုံက"

"အော်ဟောစိတ်ကလဲလောတာလွန်ရောလာဆက်လိုက်ခဲ့"
အိမ်ကြီးကမဝင်ခင်ထဲကအပြင်ကမြင်နေရတာအကျယ်ကြီးပင်ဖြစ်သည်။အထဲထဲဝင်လိုက်တော့ရှိန်ဝါမှုကိုခံစားမိနေသည်။ဒီလူသားကလူတင်ရှိန်ဝါနေတာမဟုတ်ဘူးသူနေတဲ့နေရာကပါခမ်းနားရှိန်ဝါမှုတွေနဲ့ပြည့်နေတာပဲ

"မြနွယ်ဟိုတစ်ယောက်ရောက်လာပြီလား"

"မရောက်သေးဘူးအကိုလေး"

"ဪနှမြောစရာပဲ မရောက်သေးတာလဲကောင်းတာပါပဲ"ဒီအိမ်မှာကွန်းပါးစပ်ကဟိုတစ်ယောက်ရောလို့ပြောတာနဲ့အိမ်မှာရှိတဲ့ကွန်းအဖေတင်မကဘယ်သူမဆိုဒေါ်ပုလဲကိုပြောမှန်းသိသည်။ဒါကြောင့်လဲမြနွယ်ကတန်းပြောနိုင်တာဖြစ်သည်။အဲလိုခေါ်တာလဲကွန်းတစ်ယောက်ပင်ရှိသည်။

"ဘယ်သူလဲကွန်း"

"ပယင်းသိပြီးသားလူပါ"

"ငါသိပြီးသားလူ"

"အင်း လာအပေါ်လိုက်ခဲ့"

"နေဦးငါသိပြီးသားလူဆိုတာဘယ်သူလဲကွန်း ဘာကိုပြောချင်တာလဲ"

"ဘာမှမဟုတ်ပါဘူးအချိန်တန်ရင်သိရမှာပေါ့အခုတော့လိုက်ခဲ့ဦး"ဆိုပြီးအပေါ်ထပ်ဆက်တက်သွားသည်။အခန်းတစ်ခန်းရှေ့ရောက်တော့

"ဝင်"

"ဟင်"

"ဝင်လို့အထဲကို"သွေးသစ်ကနားမလည်သလိုကွန်းကိုဆက်ကြည့်နေတော့

"ကျစ်!လာဗျာလိုက်ခဲ့"
ဆိုပြီးစိတ်မရှည်မှုတစ်သိန်းနဲ့လက်ဆွဲခေါ်သွားလေသည်။
အခန်းထဲရောက်သွားတော့

"ကဲဘယ်သူလဲဝယ်တာလဲသိပြီလား"
အခန်းရဲ့နံရံပတ်ပတ်လည်မှာသွေးသစ်ဓာတ်ပုံတွေနဲ့ပြည့်နေလေသည်။ဒါဆိုပုံတွေအကုန်ကွန်းဝယ်သွားတာပေါ့

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now