တစ်ဖက်မှာလဲအိမ်ပြန်နေတဲ့ကားလေးပေါ်မှာတစ်ဖက်သတ်အခြေနေတင်းမာနေသည်။ဟိန်းမြတ်ကမျက်မှောင်ကိုကျုံ့ကာလမ်းကိုပဲစူးစူးစိုက်စိုက်ကြည့်ပြီးကားကိုပဲမောင်းနေသည်။ခါတိုင်းဆိုကားမောင်းရင်းတစ်တွတ်တွတ်နဲ့ပေါက်ပေါက်ဖောက်နေသည့်ကောင်လေးကအခုတော့ဘာဆိုဘာစကားတစ်ခွန်းမှမပြောပဲကားကိုသာမောင်းနေသည်။စတီယာရင်ကိုကိုင်ထားတဲ့လက်တွေကလဲအကြောတွေထောင်ကာဒေါသကိုဘယ်လောက်မြိုသိပ်နေရလဲဆိုတာပေါ်လွင်သည်။ဟိန်းမြတ်သဝန်တိုလာရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာသိထားတဲ့သူခန့်ကဟိန်းမြတ်လက်မောင်းကိုလက်ညှိုးလေးနဲ့တို့လိုက်ကာစကားစလိုက်သည်။
"ဟိန်းမြတ်"
"....."
"ဟိန်းမြတ်"
"......"
"ဟိန်းမြတ်ရေလို့"
"ပြော"
"ငါ့ကိုစကားလေးဘာလေးပြောပါဦး နော်"
"......"
"နော်လို့"
"ကျစ်!!ကျွန်တော်ကဘာပြောရမှာလဲ!!"
"ဟို...မသိဘူး"
"မသိတာကိုဘာသွားပြောရမှာလဲ"
"မင်းအဲလိုတိတ်ဆိတ်နေရင်ငါမနေတတ်လို့ပါ"
"....."
"ငါ့ကိုစိတ်ဆိုးနေတာမလား"
"....."
"ဟုတ်တယ်မလားလို့"
"ကျစ်!!မသိဘူးဗျာ"
"ငါမှားတာပါ တောင်းပန်ပါတယ်"
"ဖြစ်ပြီးတာတွေကပြီးခဲ့ပြီ အခုမှတောင်းပန်လဲဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး!!"
"သိပါတယ် ဒါမဲ့ငါလဲယောကျာ်းလေးတစ်ယောက်ပဲလေ လှတာလေးမြင်တော့ရင်ခုန်တာပေါ့"
"အဟက်!! ဒါပေါ့!! အခုရောဘယ်လိုလဲသူ့ကိုယူချင်သေးလား လိုက်ပို့ရမလား!"
"မရွဲ့ပါနဲ့"
"မရွဲ့ပါဘူး အတည်ပြောနေတာခင်ဗျားသာသူ့ကိုလိုချင်ရင်ပြောရှေ့နေပါငှားပေးမယ်!"
"ဟိန်းမြတ်ခ!!ငါ့ကိုလာမရွဲ့နဲ့နော်"
"မရွဲ့ဘူးလို့ဘယ်နှခါပြောရမလဲ!!"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်