အပိုင်း ၂၁

323 6 0
                                    

"အော ကိုသူခန့်ရောက်လာပြီလား"ရတုကသူခန့်ကိုဟိုတယ်မှာတွေ့၍မေးလိုက်ခြင်းဖြစ်သည်။

"လာပြီညီလေး ပြန်တော့မှာဆို"

"ဟုတ်တယ်ဗျ မနက်ဖြန်ပြန်တော့မှာ"

"ဪ"

"ကိုသွေးသစ်ရောကိုသူခန့်"

"ဒီနေ့သူနားတယ်လေညီလေး"

"ဪ နားရက်လား"

"ဟုတ်တယ်ညီ"

"ကိုသူခန့်"

"ဟေ ဪဟိန်းမြတ်"

"ဟုတ်မတွေ့ရတာကြာပြီနော် ဟိုနေ့ပြီးထဲကမတွေ့ဖြစ်တာခုမှပြန်တွေ့ရတယ်"

"ဟုတ်တယ်ဟိန်းမြတ်"

"ဟေ့ကောင်ရတု ကွန်းခေါ်လို့မင်းကို"

"ဟင် ကွန်းကအိပ်နေတာလေငါထွက်လာတော့"

"အေး နိုးပြီပြောစရာရှိတယ်ဆိုပြီးခေါ်ခိုင်းလိုက်လို့"

"မင်းကလဲကွန်းကငါထွက်လာခါနီးမှအိပ်ပျော်သွားတာလေကွာဘယ်လိုလုပ်တန်းနိုးမှာလဲ"

"ဪ ဒီမိကျောင်းမသားလျှာရှည်တယ်သွားဆိုသွားပေါ့ကွာ"ဆိုကာရတုကိုမျက်နှာရိပ်မျက်နှာကဲပြနေလေသည်။ထိုအခါမှ

"‌ဪအေးဟုတ်သား ဒီကောင်အအိပ်ဆတ်တာမေ့သွားတယ် ဟဲဟဲသွားလိုက်ဦးမယ် ကိုသူခန့်သွားမယ်နော်"

"ဟုတ် ကောင်းကောင်းသွားပါဗျ"
ဟိန်းမြတ်နဲ့သူခန့်နှစ်ယောက်သာကျန်တော့သည်။

"ဒါဆိုအကိုလဲသွားလိုက်..."

"နေပါဦး ကိုဟိန်းမြတ်ကျွန်တော့်ကိုရှောင်နေတာလား"

"အာ အဲလိုမဟုတ်ပါဘူးပြောစရာမရှိဘူးဆိုတော့လေသွားတော့မလို့"

"ဘာလို့ပြောစရာမရှိရမှာလဲ ကျွန်တော်ဟိုနေ့ကမေးထားတဲ့ကိစ္စဖြေပေးရဦးမယ်လေဗျာ အဲ့နေ့ပြီးထဲကပျောက်သွားလိုက်တာကျွန်တော့်မှာခင်ဗျားကိုမတွေ့ရတော့အရူးလိုပဲဗျစိတ်တွေပူနေရတာ ခင်ဗျားနေမကောင်းနေတာလား စိတ်ဆိုးသွားတာလားဆိုပြီးဘယ်လောက်စိုးရိမ်နေခဲ့လိုက်ရလဲ"

"ဟို...အကိုပြောပြီးပြီလေစိတ်မဆိုးပါဘူးလို့ နေလဲကောင်းပါတယ်မင်းသွေးသစ်ကိုမေးတာလဲငါသိတယ် မသေချာတဲ့အဖြေမပေးချင်လို့မင်းနဲ့မျက်နှာချင်းမဆိုင်တာ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now