အပိုင်း ၃၆

297 4 0
                                    

ဘာလိုလိုနဲ့ညနေစောင်းရောက်လာတော့ကွန်းလဲသွေးသစ်ကိုသွားခေါ်ဖို့ဆင်းလာခဲ့သည်။အောက်ထပ်ရောက်တော့ဟိုမိန်းမနဲ့တွေ့လေသည်။သူလဲအပြင်သွားဖို့ပြင်နေသည်ထင်တာနဲ့ကွန်းလဲ

"အပြင်သွားမလို့လား"

"....."
ဒေါ်ပုလဲလဲစကားသံတော့ကြားလိုက်ပေမယ့်ကွန်းဆီကအသံထွက်လာတာဆိုတော့သူ့ကိုပြောတယ်မထင်တာကြောင့်ပြန်မပြောမိပေ။

"ဒီမှာ ခင်ဗျားကိုမေးနေတာ"
အဲ့ခါကြမှဒေါ်ပုလဲလဲ
"ဪအန်တီ့ကိုမေးတာလားသား"

"ဟုတ်တယ်"

"ဘာမေးတာလဲဟင်"

"အပြင်သွားမလို့လားမေးနေတာဗျာ ကျစ်!"

"ဪအေးဟုတ်တယ် ဘာ‌ပြောမလို့လဲဟင်သားက"

"အဲတာဆိုမသွားနဲ့စောင့်နေကျွန်တော်တစ်နေရာသွားပြီးတာနဲ့တန်းပြန်လာမှာမလို့"

"ဪ ဘာလို့လဲဟင်"

"သိချင်ရင်စောင့်ကြည့် အဖေလဲလာလိမ့်မယ်ခနနေရင်"

"ဪအေးအေး"
ပြောပြီးတာနဲ့ထွက်သွားသည့်ကွန်းကိုဒေါ်ပုလဲမျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။ဒါသူ့ကိုကွန်းစကားပြောတာဒီအိမ်ကိုရောက်ပြီးနှစ်တော်တော်ကြာမှဒါပထမဆုံးပဲဘာများပြောစရာရှိလို့လဲမသိဘူး။သူကမသွားခိုင်းတော့ဒေါ်ပုလဲလဲမသွားပဲအိမ်မှာပဲစောင့်နေလိုက်လေသည်။
တစ်ဖက်မှာတော့ကွန်းလဲသွေးသစ်ကိုခေါ်ဖို့သွေးသစ်တို့တိုက်ခန်းဆီသွားလေသည်။တိုက်ခန်းကိုရောက်တော့သွေးသစ်ကိုဘယ်အထပ်လဲမေးပြီးတက်လာလိုက်သည်။အခန်းရှေ့ရောက်တော့သွေးသစ်ကထွက်စောင့်နေလေသည်။

"ဘာလို့အပေါ်ထိတက်လာနေတာလဲမောင်ရဲ့ သက်သက်မဲ့မောအောင်"

"မမောပါဘူးမောင့်ပယင်းကိုတွေ့ဖို့ပဲဟာဒီလောက်ကဘာအရေးလဲ"

"မဟုတ်ပါဘူးမောင်ကငါ့ကိုခေါ်ပြီးတန်းဆင်းမှာပဲမလားအဲတော့မထူးဘူးလေငါပဲဆင်းလာမှာပေါ့"

"ပယင်းကလဲအဲတာပဲဘာမဆိုအကောင်းကိုမမြင်တတ်ဘူး"

"မဟုတ်ပါဘူးမောင်ရဲ့ငါကစေတနာနဲ့ပြောတာပါ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now