ကွန်းတို့မနက်စာစားပြီးတော့ကွန်းကအမရာလေးကိုသွားပို့သည်။ဟိန်းမြတ်ကတော့ဟိုတယ်မှာပဲကျန်နေခဲ့သည်။သွေးသစ်တို့အိမ်မှာလဲ
"အိမြတ်ရေ"
"ရှင်အမေ"
"မြို့ဟောင်းကကိုဇော်ကြီးအိမ်မှာပုန်းရည်သွားဝယ်ချည်စမ်းပါ နင့်အကိုတစ်ယောက်ယောက်ခေါ်သွားလိုက်"
"ဟုတ် မြို့ဟောင်းဆိုရင်အမရာလေးကိုလဲခေါ်သွားလိုက်မယ်အမရာလေးကဟိုနေ့ကသွားချင်တယ်ပူဆာနေတာ"
"အမရာကလာမှမလာသေးတာနင်ပဲသွားလိုက်ပါလားဒေါ်လေးကအခုသွားခိုင်းနေတာကို"
"အမေအခုသွားခိုင်းတာလား"
"မဟုတ်ဘူးနောက်နှစ်မှ"
"အမေကလဲအကောင်းမေးတာကို"
"ဟုတ်တယ်အခုသွားခိုင်းတာ မြေးလေးကိုစောင့်ချင်သပဆိုလဲရှင့်သဘော"
"ဟုတ်ဒါဆိုအမရာလေးလာမှသွားတော့မယ် ကိုကြီးဟိန်းမြတ်လာပို့မယ်ပြောတယ်"
"အေးအေး"
စကားအဆုံးမှာပဲအိမ်ရှေ့ကကားစက်သံကြားလိုက်ရသည်။"အယ်ပြောရင်းဆိုရင်းလာပြီထင်တယ်"
အိမြတ်ကအိမ်ရှေ့ထွက်ကြည့်တော့ကားပေါ်ကဆင်းလာတာဟိန်းမြတ်မဟုတ်ပဲကွန်းဖြစ်နေတာမြင်တော့"ဟင် ခဲအိုလား"
"ဟုတ်တယ်ညီမ သမီးကိုလာပို့တာ"
"ဪညီမလေးကကိုကြီးဟိန်းမြတ်လာပို့မယ်ဆိုလို့ကိုကြီးဟိန်းမြတ်ထင်နေတာ"
"အင်း ဟိန်းမြတ်ကလိုက်ပို့ခိုင်းလို့ ပယင်းရှိတယ်မလား"
"ဟုတ်အကိုလေးအိမ်ထဲမှာရှိတယ်"
"ဟုတ်ပြီညီမလေး"
ဆိုကာကွန်းကသမီးကိုချီရင်းအိမ်ထဲဝင်သွားသည်။အိမ်ထဲရောက်တော့"သဲတုံးလေးတီတီနဲ့လိုက်ခဲ့ဦး"
"ဟင် ဘယ်ကိုယဲတီတီယေး"
"မြို့ဟောင်းကို ဘွားဘွားကြီးကပုန်းရည်ဝယ်ခိုင်းလို့"
"အယ် ယိုက်မယ်ယိုက်မယ်တီတီယေး"
"လာ ဦးကြီးကိုသွားခေါ်ရအောင်"
"ဟုတ်"
ဆိုကာတူအရီးနှစ်ယောက်ထွက်သွားလေသည်။ကွန်းတို့အသံကြားတော့သွေးသစ်ကမီးဖိုချောင်ထဲကထွက်လာသည်။
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်