အပိုင်း ၅၆

383 6 0
                                    

"မင်းကတစ်ချိန်လုံးငါ့သမီးပဲပြန်ခေါ်မယ်ပြောနေတာလေ ပြီးတော့ငါ့ကိုအဲ့စကားလာမပြောနဲ့ကွန်းအသင်္ချေငါ့သမီးကိုငါပဲဒီအရွယ်ထိစောင့်ရှောက်လာတာမင်းအဲ့စကားပြောစရာမလိုဘူး"

"ခင်ဗျား!...."

"တော်ကြပါတော့ကွာမင်းတို့ကလဲ"

"သူခန့်"

"ငါ့မှာခရီးရောက်မဆိုက်မင်းတို့နှစ်ယောက်ရန်ဖြစ်နေတယ်ဆိုလို့အလန့်တကြားပြေးလာရတာ အမောကိုဆို့နေတာပဲ"

"ကွန်း ဘာဖြစ်ကြတာလဲမင်းတို့"

"သမီးပျောက်သွားလို့ငါခေါ်သွားတယ်ဆိုပြီးပြောနေလို့ပြန်ရှင်းနေတာ"

"အခုဘယ်သူမှဘာမှမဖြစ်ဘူးမလားတော်ကြပါတော့ကွာ"

"တော်လို့မရဘူးသူခန့်ဒီကိစ္စအပြတ်ရှင်းမှရမှာ ငါ့သမီးကိုသူကပြန်ခေါ်ချင်နေတာ"

"ဘာဖြစ်လို့လဲပြန်ခေါ်တော့ကွန်းကသမီးငယ်ရဲ့အဖေပဲလေ အွန့်...အွန်းးး"
သူခန့်ပြောတုန်းတန်းလန်းကြီးသွေးသစ်ကပါးစပ်ကိုလှမ်းပိတ်လိုက်၍သူခန့်ရုန်းနေသည်။

"ဖွီးးဖယ်စမ်းပါကွာကွန်းလဲအကုန်သိပြီးပြီဆိုဟိန်းမြတ်ငါ့ကိုပြောပြပြီးပြီ"

"ဘာ ဟိန်းမြတ်ညီလေးပြောလိုက်တယ်လား"

"ဟီး ဟုတ်"

"အမှန်တရားကဖုံးကွယ်လို့မှမရတာကွာအချိန်တန်ပေါ်မှာပဲအခုလဲသိနေပြီကို သွေးသစ် ရာလုပ်မနေစမ်းပါနဲ့"

"အမှန်တရားကိုသိလဲငါကတော့သမီးကိုသူ့လက်ထဲထည့်မပေးနိုင်ဘူးသူခန့်"

"ခင်ဗျား!! ကျွန်တော့်လက်ထဲသမီးကိုမပေးနိုင်ဘူးပြောရအောင်ကျုပ်ကဘာဖြစ်နေလို့လဲ ပြီးတော့ခင်ဗျားနဲ့ခွဲထားမှာလဲမဟုတ်ဘူးခင်ဗျားကိုပါခေါ်မှာ!!"

"ဟင့်အင်း မခေါ်ရဘူးကွန်းအသင်္ချေငါတို့သားအဖမင်းနောက်မလိုက်နိုင်ဘူးလိုက်လဲမလိုက်ဘူးကိုယ့်ဘာကိုယ်အေးဆေးနေပါရစေငါတို့သားအဖကြားဝင်မနှောင့်ယှက်ချင်စမ်းပါနဲ့ကွာ"

"ပယင်းသွေးသစ်..."

"ကိုသွေးသစ် သမီးလေးလန့်နေပြီထင်တယ်အခန်းထဲသွားရအောင်လာပါ လာ သမီးလာဦးဆီ"
ဆိုကာဟိန်းမြတ်သွေးသစ်နဲ့အမရာကိုခေါ်သွားလိုက်သည်။ဆက်ပြောရင်နှစ်ယောက်လုံးပိုဆိုးပြီးမဖြစ်သင့်တာတွေဖြစ်ကုန်လိမ့်မည်။ဟိန်းမြတ်တို့ထွက်သွားတော့သူခန့်နဲ့ကွန်းနဲ့နှစ်ယောက်သာကျန်နေတော့သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now