အပိုင်း ၃၅

347 5 0
                                    

"Happy birthdayငါ့ကောင်"

"ကျေးဇူးကွာငါတို့လဲဟိုနေ့ပြီးထဲကမဆုံဖြစ်တာဒီနေ့မှပဲတွေ့ရတော့တယ်"

"အေးကွာအလုပ်တွေနဲ့မအားဖြစ်နေကြတာ"
ဒီနေ့ကရတုမွေးနေ့ဖြစ်သည်။ကွန်းတို့သုံးယောက်သားဆိုင်တစ်ဆိုင်မှာဆုံနေကြခြင်းဖြစ်သည်။

"မင်းရောကိုသွေးသစ်တို့နဲ့တွေ့ဖြစ်သေးလား"

"ပယင်းနဲ့တော့ဆုံဖြစ်တယ်ကိုသူခန့်ကတော့ဟိုကောင်နဲ့တွေ့ဖြစ်တယ်ပြောတယ်"

"ငါလဲကြိုးစားနေရတာကွငါ့ဘက်စိတ်ယိုင်လာအောင်"

"ကိုသူခန့်လဲစဉ်းစားနေတယ်တော့ပြောပါတယ်ကွ"

"ဟုတ်လားကွန်း မင်းကိုသူကိုယ်တိုင်ပြောတာလား"

"ပယင်းပြောတာ"

"အေး ပယင်းဆိုမှမင်းတို့နှစ်ယောက်ကမြန်လှချည်လားပြောတော့ကြပြောမှာလိုလိုမပြောမှာလိုလိုနဲ့မင်းကငါ့ထက်တောင်စီနီယာဖြစ်သွားပြီအခုတော့ ကိုသွေးသစ်ကလဲမြန်လိုက်တာအဖြေပေးတာက"

"ဟေဟုတ်လားမင်းကွာလျှိုချက်ငါဘာမှကိုမသိရတာ"ရတုကပါပြောသည်။တကယ်လဲသူဒီနေ့မှသိရတာဖြစ်သည်။

"အေးကွာသူ့ထက်အရှေ့ကပြောတဲ့ငါတောင်ဘာအဖြေမှမရသေးဘူးသူကရပြီတဲ့ခံစားရတယ်ကွာ"

"ဟေ့ကောင်အဲတာမင်းကံနဲ့မင်းလေ"

"မင်းကဘယ်လိုစိတ်ကူးပေါက်သွားတာလဲငါ့ပြောပါဦး"

"ပွဲနေ့ကလေသူ့ကိုငါ့အိမ်ခေါ်သွားတာပုံတွေပြရင်းနဲ့ငါကသူ့ပုံတွေဝယ်ထားလို့နောက်နေ့ငွေချေမယ်လို့ပြောတာမပေးနဲ့တဲ့လက်ဆောင်လို့သဘောထားတဲ့ဆိုတော့မရဘူးပေးမှာလို့ငါကငါ့အကျင့်တိုင်းပြောတာကွာအဲ့မှာသူကမပေးနဲ့ဆိုပြီးပြန်ပြောရင်းနဲ့ငါကလဲပေးချင်ရင်တခြားဟာပေးဆိုပြီးအဖြေတောင်းလိုက်တာ"

"မင်းဟာကလဲတုံးတိကြီးငါ့လောက်တောင်romanticမဆန်လိုက်တာ"

"အဲတာတွေကအရေးမကြီးပါဘူးပြီးတော့မင်းတို့ကိုငါပြောစရာရှိတယ်"

"ဘာလဲ"

"သူကဟိုမိန်းမရဲ့သားဖြစ်နေတယ်ကွ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now