အပိုင်း ၁၂

371 7 0
                                    

"ဟေ့ကောင်‌သွေးသစ်"

"ဘာလဲကိုဇော်ခန့် ကျွန်တော်ဒေါ်လေးဆီသွားရဦးမှာ"

"ဘာလဲမနေနဲ့ ရော့ဒီမှာပိုက်ဆံငါ့ကိုအရက်သွားဝယ်ပေးစမ်း"

"မဝယ်ပေးနိုင်ဘူးကိုဇော်ခန့် ကျွန်တော့်ကိုအဲလိုနေရာတွေမသွားခိုင်းပါနဲ့"

:တောက်!!

"မင်းလိုကောင်ကများ ကြီးကြီးကျယ်ကျယ် သွား မသွားရင်မင်းငါ့လက်ဆသိတယ်နော်"

:ကျစ်

"ကိုဇော်ခန့် ကျွန်တော့်ကိုအဲလိုလာမပြောနဲ့ ကျွန်တော်အငယ်မလို့သည်းခံနေတာနော်"

"အမယ် မင်းကများ ရွယ်တူဆိုရင်ငါ့ကိုတောင်ပြန်လုပ်ဦးမယ်ဆိုတဲ့သဘောပေါ့ အဟက် တယ်လဲရယ်ရတဲ့ကောင်"

"သွား သောက်စကားများမနေပဲသွားဝယ်စမ်း"

"မသွားဘူးဗျာ သောက်ချင်ကိုယ့်ဘာကိုယ်သွားဝယ်"

"အဟက် မင်းကအဲလိုလား"

"ဟုတ်တယ်"

"ဟေ့ကောင် ငါ့လက်ထဲဘာကိုင်ထားလဲကြည့်လိုက်စမ်း"

"ဟာ ဟေ့ကိုဇော်ခန့် မထိနဲ့နော်ကျွန်တော့်ပစ္စည်းကို"
အခန်းထဲဝင်သွားပြီးပြန်ထွက်လာတော့သွေးသစ်အမြတ်နိုးရဆုံးcameraကိုင်ပြီးပြန်ထွက်လာကာသူ့ကိုcameraနဲ့ချိန်းခြောက်နေလေသည်။ဘယ်အချိန်များမှရင့်ကျက်မှာလဲဗျာ။

"မထိစေချင်ရင်ငါခိုင်းတာအခုသွားဝယ်"

"လုပ်ထားဦးပေါ့ဗျာ"ဆိုပြီးcameraကိုအခန်းထဲပြန်သိမ်းကာဇော်ခန့်ခိုင်းတဲ့ဆိုင်သွားဝယ်ပေးရလေသည်။အမြဲတမ်းသူမြတ်နိုးတဲ့ပစ္စည်းတွေနဲ့သူ့ကိုအမြဲအကျပ်ကိုင်တဲ့သူ့အကိုကိုသူကြည့်မရပါ။ဒေါ်လေးကိုတိုင်လို့ရပေမယ့်လဲဒေါ်လေးလဲသူ့ဆိုင်နဲ့အလုပ်ရှုပ်နေတော့တော်ရုံကိစ္စအသေးအမွှားထိကလေးတစ်ယောက်လိုပြောမနေချင်တော့ပေ။သို့ပေမယ့်တအားခံပြင်းဖို့တော့ကောင်းလှသည်။ဖေဖေနဲ့မေမေသာအဲ့ဒီအချိန်တုန်းကညှိလို့ရခဲ့လျှင် မေမေလဲကိုယ့်အတ္တကိုရှေ့တန်းမတင်ခဲ့ရင်သူ‌ဒီလိုစိတ်ညစ်မနေရလောက်ပါ။အခုတော့ကံကိုသာအပြစ်ပုံရပေတော့မည်မဟုတ်ပါလား။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now