အပိုင်း ၅၀

367 6 0
                                    

သွေးသစ်အလုပ်တွေပါးသွားတော့သမီးလေးနဲ့ညစာစားဖို့သမီးကိုသွားခေါ်လိုက်သည်။receptionနားမှာအမတွေနဲ့ဆော့နေတဲ့သမီးလေးမြင်လိုက်ရတော့သွေးသစ်အမောပြေသွားသည်။
တကယ်ပါသမီးလေးကသွေးသစ်အတွက်တော့တကယ့်အမောပြေဆေးလေး။ဘယ်လောက်ပင်ပန်းလာလာသမီးလေးမျက်နှာမြင်လိုက်တာနဲ့ပင်ပန်းတာတွေချက်ချင်းပြေပျောက်သွားသည်။ဒါကြောင့်ဖေဖေရှိတုန်းကအလုပ်ကပြန်လာရင်သွေးသစ်ခပ်လာပေးတဲ့ရေအရင်မသောက်ပဲသွေးသစ်ကိုအရင်ကြည့်တာဖြစ်မည်။ဖေဖေကအလုပ်ကပြန်လာတိုင်းသွေးသစ်ကဖေဖေ့အတွက်ရေအမြဲခပ်ပေးသည်။ဖေဖေကသွေးသစ်ခပ်ပေးတဲ့ရေမသောက်သေးပဲသွေးသစ်ကိုသူ့ရင်ခွင်ထဲထည့်ပြီးပြုံးပြုံးလေးနဲ့အမြဲတမ်းကြည့်သည်။ထိုအချိန်တုန်းကတော့သွေးသစ်နားမလည်ပါ။အခုသမီးလေးရလာမှဖေဖေ့ကိုနားလည်တော့သည်။သွေးသစ်သမီးလေးကိုမြင်တော့အတိတ်ကသူနဲ့သူ့အဖေအကြောင်းပြန်စဉ်းစားမိသွားသည်။သွေးသစ်လဲစဉ်းစားတာဖြတ်ပြီးသမီးလေးကိုထမင်းစားဖို့ခေါ်လိုက်သည်။

"သမီးငယ် ထမင်းစားရအောင်လေ"

"ယာပြီဖေဖေ"

ဆိုကာသွေးသစ်ဆီလုံးလုံးလေးပြေးလာလေသည်။သွေးသစ်လဲဖက်လိုက်ပြီးပါးဖောင်းဖောင်းအိအိလေးထဲသူ့နှာခေါင်းလေးနစ်ဝင်သွားတဲ့အထိနမ်းပစ်လိုက်သည်။

"ဖေဖေဘာချက်ယဲ"

"ငါးချက်"

"ဟင် ငါးဟင်းကြီးယား"

"ဟုတ်တယ်လေသမီးရဲ့"

"ငါးဟင်းကြီးရှိုရှားချင်ဝူး"

"ဘာလို့လဲသမီးလေးကလဲ ဖွားဖွားကြီးချက်ထားတာလေကောင်းမှကောင်း"

"ဟင့်အင်း ဟင့်အင်း မီးမီးရှားချင်ဝူး အဲ့ငါးကြီးပဲချက်တာတုံးရက်ရှိပြီ"
ဆိုကာလက်သေးသေးလေးတွေသုံးချောင်းထောင်ပြပြီးပြောလေသည်။သွေးသစ်သဘောတကျရယ်လိုက်သည်။ဟုတ်တော့လဲဟုတ်ပါသည်။သူ့အဒေါ်ငါးဟင်းချက်တာဒီနေ့နဲ့ဆိုသုံးရက်ရှိပြီဖြစ်သည်။အမရာလေးကငါးမကြိုက်တော့ပိုဆိုးသည်။

"သမီးငယ်ကလဲရှေ့နှစ်ရက်တုန်းကတောင်စားပြီးတော့ မနက်ဖြန်သမီးငယ်ကြိုက်တာပြောဖေဖေချက်ကျွေးမယ်အခုတော့ဒီနေ့တစ်ရက်လေးစားလိုက်ပါကွာနော်"

ပုဂံမြေကိုတိုင်တည်၍Waar verhalen tot leven komen. Ontdek het nu