အပိုင်း ၃၄

333 5 0
                                    

ပုဂံတွင်တော့
"သားရေမင်းညီလေးတို့နေရတာအဆင်ပြေလားမသိဘူးနော်ဇော်ခန့်"
ဒေါ်မြတ်သွေးနီတစ်ယောက်ရန်ကုန်ရောက်နေတဲ့သူ့တူလေးကိုစိတ်ပူနေရှာသည်။ကြံကြံဖန်ဖန်ရန်ကုန်ကိုမသွားတော့တဲ့ကလေးကအခုတော့သွားသတဲ့အေးလေသူလဲစိတ်ထဲမှာတော့သတိရနေရှာမှာပေါ့‌။သွေးသစ်တို့ကပုဂံဇာတိမဟုတ်ပဲရန်ကုန်ကပင်ဖြစ်သည်ဒေါ်မြတ်သွေးနီရောပေါ့။ဒေါ်မြတ်သွေးနီနဲ့သွေးသစ်အဖေသူ့အကိုဦးသွေးသစ်တို့ကမောင်နှမအရင်းတွေပင်ဖြစ်သည်။သူတို့မောင်နှမလဲရန်ကုန်မှာမွေးရန်ကုန်မှာကြီးပြင်းလာကြသူတွေပင်ဖြစ်သည်။ဒါပေမယ့်ဒေါ်မြတ်သွေးနီကဇော်ခန့်တို့အဖေနဲ့တွေ့ပြီးချစ်ကြိုက်မိရာကဇော်ခန့်အဖေဦးဇော်လွင်ကသူ့ဇာတိဖြစ်တဲ့ပုဂံကိုခိုးပြေးလာသည်။ဒေါ်မြတ်သွေးနီမိဘတွေသိတော့သူတို့နှစ်ယောက်ကိုအပြင်းအထန်ကန့်ကွက်ကြသည်။ဦးသွေးသစ်ကတော့လူအေးပီပီသူ့ညီမအချစ်ရေးကိုဘာမှဝင်မစွက်ဖက်ပေသဘောလဲမတူသလိုကန့်လဲမကန့်ကွက်ပေသူ့ဘာသူသာနေသည်။ဒေါ်မြတ်သွေးနီလဲဦးဇော်လွင်ကိုအရမ်းချစ်တော့မိဘတွေကိုဆန့်ကျင်ပြီးဦးဇော်လွင်နှင့်အတူပုဂံသို့လိုက်လာပြီးမိဘတွေကအမွေဖြတ်ပြီးဆွေမျိုးခန်းဖြတ်တော့ပုဂံမှာပဲဦးဇော်လွင်နှင့်အတူအခြေချနေဖြစ်တော့သည်။ဒေါ်မြတ်သွေးနီကဦးဇော်လွင်ကိုအရမ်းချစ်ပြီးဂရုစိုက်သလောက်ဦးဇော်လွင်ကတော့ဆန့်ကျင်ဘက်ပင်ယူခါစကတော့သည်းသည်းလှုပ်ပြပေမယ့်အိမ်ထောင်သက်နည်းနည်းကြာလာတော့စကားများစပြုလာပြီးနောက်ပိုင်းကြဒေါ်မြတ်သွေးနီအပေါ်လက်ပါတာတွေတောင်ရှိခဲ့သည်။သို့ပေမယ့်ဒေါ်မြတ်သွေးနီကတော့သူရွေးချယ်တဲ့လမ်းကိုပဲဆက်လျှောက်သည်။အကိုဖြစ်သူဦးသွေးသစ်ကသူ့ညီမအကြောင်းတွေကိုသိလို့ရန်ကုန်ကိုပြန်ခေါ်ပေမယ့်ဒေါ်မြတ်သွေးနီကခေါင်းမာမာနဲ့ပဲငြင်းခဲ့သည်။ဗိုက်ထဲမှာလဲဇော်ခန့်လေးကိုကိုယ်ဝန်လွယ်နေရတဲ့အချိန်ဖြစ်သည်။ဦးဇော်လွင်ကကားသမားပီပီပါးစပ်များပြီးမိန်းမလဲပွေရှုပ်ချင်သည်။ဒါပေမယ့်မယားငယ်တွေဘာတွေတော့မထားခဲ့ပါ။ဇော်ခန့်လေးကိုမွေးပြီးနှစ်အနည်းငယ်ကြာလာတော့ဦးဇော်လွင်အိမ်ပြန်လာသည်မှာမရှိသလောက်ရှားလာသည်။ဇော်ခန့်လေးကသူ့အဖေပြန်လာရင်အရမ်းပျော်ပြီးဖအေကိုကပ်ပေမယ့်ဦးဇော်လွင်ကအကပ်မခံပေထိုကိစ္စနဲ့ပတ်သတ်ပြီးဒေါ်မြတ်သွေးနီနဲ့ဦးဇော်လွင်တို့စကားခနခနများရသည်။ထိုအချိန်ဆိုဇော်ခန့်လေးမှာမျက်ရည်စက်လက်နဲ့ပင်ဖြစ်သည်။ဇော်ခန့်လေးလဲကြီးလာပြီးအငယ်မလေးအိမြတ်ကိုကိုယ်ဝန်လွယ်ထားရချိန်မှာဦးသွေးသစ်တို့သားအဖပုဂံကိုရောက်လာကြသည်။ဦးသွေးသစ်ကသူ့ညီမဒေါ်မြတ်သွေးနီကိုသူတို့အိမ်ထောင်ရေးအကြောင်းဖြစ်ကြောင်းကုန်စင်အကုန်ပြောပြလိုက်တော့ဒေါ်မြတ်သွေးနီကသွေးသစ်တို့သားအဖကိုအိမ်မှာခေါ်တင်ထားလိုက်သည်။ပြီးတော့ဦးသွေးသစ်အတွက်လဲအလုပ်ပါရှာပေးသည်။သွေးသစ်လေးကိုလဲအဒေါ်လိုတစ်မျိုးမအေလိုတစ်ဖုံဂရုစိုက်ပေးသည်။သွေးသစ်တို့ရောက်တာကိုဦးဇော်လွင်မသိပေထိုအချိန်ကဦးဇော်လွင်ကအိမ်ကိုပြန်မလာတော့ပေ။လအတော်ကြာတော့ဦးဇော်လွင်ဆုံးသည့်သတင်းကြားလိုက်ရသည်။အလောင်းကိုပုဂံပြန်သယ်လာပြီးပုဂံမှာပဲသဂြိုဟ်လိုက်ကြသည်။အဲ့အချိန်ကစပြီးဒေါ်မြတ်သွေးနီလဲကိုယ်တတ်ကျွမ်းတဲ့ဟင်းချက်တဲ့အလုပ်လုပ်ပြီးဟင်းချက်ဆိုင်လေးဖွင့်ကာမိသားစုစား‌ဝတ်နေရေးအတွက်ရုန်းကန်ရသည်။သို့ပေမယ့်ဦးသွေးသစ်ရှိသည့်အတွက်အရမ်းကြီးမခက်ခဲပေ။သွေးသစ်လေး၁၃နှစ်မှာတော့ဦးသွေးသစ်လဲအရက်အလွန်အကျွံသောက်ပြီးအရက်နဲ့ပဲဆုံးသွားရှာသည်။ထိုအချိန်တွေဟာဒေါ်မြတ်သွေးနီအတွက်အခက်ခဲဆုံးအပင်ပန်းဆုံးအချိန်တွေဖြစ်သည်။အားကိုးရမည့်ယောကျာ်းကလဲဆုံး၊အကိုကလဲမရှိမိန်းမသားတစ်ယောက်တည်းကလေးသုံးယောက်အတွက်ရုန်းကန်ရသည်။ဒါပေမယ့်သွေးသစ်လေးကြီးလာတော့သွေးသစ်လေးကတစ်ဖက်တစ်လမ်းကနေသူ့သူငယ်ချင်းသူခန့်နဲ့guideလုပ်ပြီးကူရှာပေးတဲ့အတွက်နည်းနည်းချောင်လည်လာသည်။ဇော်ခန့်ကတော့တက္ကသိုလ်တတိယနှစ်နဲ့ကျောင်းနားလိုက်တာဖြစ်သည်။သွေးသစ်ကတော့ဘွဲ့ရအောင်ယူခဲ့သည့်အငယ်မလေးအိမြတ်ကတော့အခုနှစ်မှဆယ်တန်းတက်ရမှာဖြစ်သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now