အပိုင်း ၉

403 6 0
                                    

"အားးတစ်နေကုန်လည်ထားသမျှခုမှနားရတော့တယ် ညောင်းလိုက်တာကွာထိုင်လိုက်ထလိုက်နဲ့"

"ဘိုးကြီးအိုရယ်မင်းဆိုသည်မှာလဲခိုအရှုံးပေးရတယ်ငြီးလိုက်တာများ"

"ဟ မင်းရောမပင်ပန်းဘူးလားပြောဟိန်းမြတ် ဒီလောက်နေပူနေတာကို"

"ပင်ပန်းပေမယ့်မင်းလိုတော့သူများနားညီးအောင်ငြီးငြူမနေဘူးကွ"

"တော်ကြပါတော့ကွာ မင်းတို့နှစ်ယောက်အသက်လဲကြီးလှပြီခုထိမျက်နှာချင်းဆိုင်တာနဲ့ကိုက်တုန်း"ကွန်းကနားညီးသဖြင့်ထအော်တော့သည်။

"မင်းကလဲနားညီးတိုင်းလာအော်နေတယ်"

"အေးကွာ"ဟိန်းမြတ်ကပါဝင်ထောက်သည်။

"အဲလိုနေရာဆိုနှစ်ကောင်သားအတိုင်အဖောက်ညီနေလိုက်ကြ"

"ဒါနဲ့လေဟိန်းမြတ်ဟိုညီလေးနဲ့ပြန်တွေ့ရမယ်လို့မထင်ထားဘူးနော်ငါတို့"‌

"အေးဟုတ်တယ် သူ့ကိုဒီနေရာမှာပြန်တွေ့ရမယ်လို့မထင်ထားဘူး"

"ဟေ့ကောင် ကွန်းငါတို့ဟိုနေ့ကလမ်းပျောက်တုန်းကလမ်းမေးတာသူခန့်ဆိုတဲ့တစ်ယောက်လေ"ဟိန်းမြတ်ကပြောလေသည်။

"သူခန့်ဆိုတာဘယ်တစ်ယောက်လဲ ပါလာတာနှစ်ယောက်လေ"

"ဪ မင်းကလဲပြောပါ့မယ် ငါတို့ကိုအသုပ်ကိစ္စရှင်းပြတဲ့တစ်ယောက်"

"ဪ သူလား"

"အေးဟုတ်တယ်ကွ"

"နေပါဦးဟိန်းမြတ်မင်းကသူ့နာမည်တောင်သိလာပြီပေါ့"

"ဟဲဟဲ ဟုတ်တယ်"

"မြန်လိုက်တာကွာမင်းကလဲ"

"ဟိန်းမြတ်ပဲလေ သိချင်တာရှိရင်မရရအောင်မေးတတ်တယ်"

"ငါတော့ဘုရားလဲဖူးရင်း guideချောချောလှလှလေးလဲငမ်းရင်းလို့တွေးထားတာအခုတော့သွားပါပြီ"ရတုကငြီးငြူစွာပြောရှာသည်။

"မင်းကလဲမသွားပါဘူးကွ နှစ်ယောက်လုံးအချောလေးတွေပါ သူခန့်ဆိုပိုတောင်ချစ်စရာကောင်းသေးအသားညိုညိုလေးနဲ့"

"ဇာတ်လမ်းကစပြီ ဟိုမှာကျန်ခဲ့တဲ့ကောင်လေးတွေပဲအရင်ရှင်းအောင်လုပ်ပါဦးကွာ"ရတုက‌ဆူသလိုပြောသည်။

ပုဂံမြေကိုတိုင်တည်၍Waar verhalen tot leven komen. Ontdek het nu