အပိုင်း ၂၄

313 3 0
                                    

:ဝေါ
:ဝေါ
:ဝေါ
"ဪ ကိုသူခန့်လား ဘာပြောစရာရှိလို့လဲဟင်ကိုသူခန့်"
မိုးရွာကြီးထဲအခန်းတံခါးလှပ်ဝင်လာလို့ဘယ်သူလဲကြည့်လိုက်တော့ကိုသူခန့်ဖြစ်နေ၍ရတုလဲမေးလိုက်လေသည်။

"ဟုတ်တယ်ညီလေး ပြောစရာမရှိပါဘူးညီလေးတို့ကပြန်တော့မှာဆိုတော့နှုတ်ဆက်ချင်လို့လာခဲ့တာ"

"ဪ ဟုတ်တယ်ဗျာဒီနေ့ပြန်ဖို့လုပ်ထားကြတာအခုတော့ဒီမိုးနဲ့ဘယ်လိုလုပ်ရမယ်တောင်မသိတော့ဘူး"

"ဟုတ်တယ် အရှေ့မှာတောက်လျှောက်မရွာပဲခုမှထရွာနေတာ"ဟိန်းမြတ်ကလဲဝင်ပြောသည်။

"တိတ်သွားမှာပါ ခနရွာတာနေမှာပါ စောင့်ကြည့်ကြတာပေါ့"ကွန်းကလဲဝင်ပြောသည်။

"ဟုတ်တယ် ခနစောင့်လိုက်ဦးပေါ့ညီလေးတို့ရာ အကိုလဲကူစောင့်ပေးမယ်လေ"

"ဟုတ်ကဲ့ ကိုသူခန့်ကျွန်တော်တို့လဲအဖော်ရတာပေါ့ ဟီးး"

"ဒါနဲ့လေကိုသွေးသစ်ရောဟင်ကိုသူခန့်"ရတုက‌ပါမလာ၍မေးလိုက်ခြင်းဖြစ်သည်။သွေးသစ်ဆိုတဲ့အသံကြားတော့ကွန်းလဲသိချင်နေသည့်ဟန်ဖုန်းကြည့်နေရာကနေခေါင်းထောင်လာသည်။

"ဒီနေ့သူ့ဒေါ်လေးဆိုင်ကူဖွင့်ရမှာမလို့လိုက်မလာတာညီလေး"

"ဪ ကျွန်တော်တို့ပြန်မှာကိုသွေးသစ်သိတယ်မလားဟင်"

"သိတယ်ရတု ဒီမှာတောင်လက်ဆောင်ဝယ်ပေးလိုက်သေးတယ်"

"ဪ အဲတာလက်ဆောင်ထုပ်လား ဘာအထုပ်ကြီးတုန်းဆိုပြီးသိချင်နေတာ"ဟိန်းမြတ်ကဘေးကနေဝင်ပြောသည်။

"အင်း အကိုနဲ့သွေးသစ်ကမင်းတို့ကိုမပြန်ခင်အညာလက်ဆောင်လေးပေးလိုက်ချင်လို့"

"ဪ ရပါတယ်ကိုသူခန့်ကလဲအားနာစရာကြီး"ဟိန်းမြတ်ကပြောလေသည်။

"မဟုတ်တာ အကိုတို့ကမင်းတို့ကိုစားစေချင်လို့ဝယ်ပေးတာပဲအားမနာပါနဲ့"

"အေးလေမင်းကလဲကိုသူခန့်တို့ကစားစေချင်လို့ဝယ်ပေးတာပဲငါတို့ကစားပေးရမှာပေါ့ နော်ကိုသူခန့်"

"ဟားဟား ဒါပေါ့ရတုရတကယ့်အသွက်လေး"

"ဟီးး"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now