အပိုင်း ၁၄

375 4 0
                                    

"ခြေထောက်ကသေချာရောသွားနိုင်လို့လိုက်မှာလား"
ကွန်းကမေးလိုက်ခြင်းဖြစ်သည်။ဟုတ်တယ်လေမဟုတ်လို့သွားနေရင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဒုက္ခများနေဦးမယ်

"ဟုတ် သွားနိုင်ပါပြီဗျ"
နှစ်ရက်လောက်သေချာနားလိုက်တော့အလုံးစုံသက်သာသွားပြီဖြစ်သည်။နေလဲပြန်ကောင်းသွားသလိုခြေထောက်ကလဲထောက်နိုင်နေပြီဖြစ်သည်။

"သွေးသစ် အိုကေ?"
သူခန့်ကလက်ညိုးနဲ့လက်မကိုဝိုင်း၍သွေးသစ်ကိုအဆင်ပြေလားမေးသည်။

"အိုကေ"
သွေးသစ်လဲရယ်၍ပြန်ဝိုင်းပြလိုက်သည်။

"ဒါဆိုသွားကြရအောင် အကိုတို့လက်ရှည်တွေယူလာကြတယ်မလားချောက်မြို့ကတအားပူတာဆိုတော့လက်ရှည်ပါးပါးလေးဝတ်မှတော်ကာကြမယ်ဗျ"

"ဟုတ် အပါးလေးတွေပါလာပါတယ်"ဟိန်းမြတ်ကပြန်ဖြေသည်။

"ကျွန်တော်လဲသယ်ခဲ့တယ်"ကွန်းကလဲဖြေသည်။

"ဟိုတယ်ကဝန်ထမ်းအကိုကြီးကချည်သားအပါးလေးတွေယူသွားဆိုလို့ယူလာတယ်ဗျ"ရတုကသူယူလာတာကိုပြောပြသည်။

"ဟုတ်တယ်ဗျ သေချာ‌မှာလိုက်တာပဲကိုဇော်ကြီးက လက်ရှည်ဆိုပေမယ့်ချည်သားလက်ရှည်လေးတွေယူလာတော့ပိုအဆင်ပြေတယ်ဗျချွေးစုပ်တယ်လေသူက"
သွေးသစ်ကရတုနဲ့ကိုဇော်ကြီးနဲ့ကားပေါ်မတက်ခင်ကစကားပြောနေတာကိုမြင်လိုက်သည့်အတွက်ကိုဇော်ကြီးနာမည်ကိုပြောရင်းနဲ့အကြောင်းအရင်းကိုရှင်းပြ‌လိုက်ခြင်းဖြစ်သည်။

"ဪ"သုံးယောက်သားထံမှတစ်ပြိုင်ထဲထွက်လာကြသည်။

"ချောက်ကပုဂံနဲ့ဆိုဘယ်လောက်လောက်ဝေးတာလဲဟင်"ရတုကမေးခြင်းဖြစ်သည်။

"နာရီဝက်လောက်ပဲရှိတယ်ဗျ အလွန်ဆုံးကြာတစ်နာရီလောက်ပေါ့ဗျာသိပ်မဝေးပါဘူး"

"ဪ နီးနီးလေးပဲ"

"ဟုတ်တယ်ဗျ"

အတော်အတန်ကြာမောင်းပြီးနောက်ချောက်မြို့မှကြိုဆိုပါ၏ဆိုသည့်ဆိုင်းဘုတ်လေးကိုမြင်လိုက်ရပြီဖြစ်သည်။

တစ်နေရာအရောက်မှာတော့သူခန့်ကားရပ်လိုက်သည်။

"ဒါကျွန်တော်တို့တည်းမယ့်နေရာတော့မဟုတ်ပါဘူးနော်"ရတုကြောင်တောင်တောင်လေးနဲ့မေးမိသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now