(Unicode)
ဒီနေ့ အောင်တင်မြင့်တယောက် အစောကြီး ရေချိုးကာ အင်္ကျီနှင့်ပုဆိုးသစ်များဖြင့် ဆံပင်လေးဖြီးထား၍ သန့်ပြန့်နေသည်။
"ဟဲ့ ကိုတင်မြင့် တော်ရေမွှေးများဖိတ်လာသလား"
"ဟော်ဗျာ မေမေကလည်း ကိုယ့်သားကို အကောင်းပြောတယ်မရှိဘူး"
"ကဲပါတော် တော်ဘယ်ကြွတော်မူမှာမလို့လဲ မနက်စောစောထပြီပြင်လို့ဆင်လို့ပါလား"
"ရွာထိပ်တင်ပါ မေမေရဲ့ "
"ရွာထိပ်လေးကို ဒီလောက်တောင်ပြင်ထားစရာလိုလို့လားဟဲ့"
"ဟော် မေမေကလည်း ဒါတော့ သားအကြောင်းနဲ့သားပါဗျာ ခုလောဆယ် မုန့်ဖိုးလေးနည်းနည်းလောက်ပေးပါလားဗျ ဟီး"
"ဟဲ့ ဟိုနေ့ကမှ ၅၀၀၀ပေးထားတာလေ"
မေမေပြောလိုက်တော့ အိမ်နောက်ဖေးက မကြီးက
"အော် မေမေရယ် ကိုတင်မြင့်က သန့်ပြန့်ကျောမောအောင်ပြင်ထားတာ ကိစ္စတခုခုရှိလို့နေမှာပေါ့၊ ရော့ ၃၀၀၀၀ လိုရမယ်ရယူထားလိုက် ထွေးလေး"
မမြင့်တယောက် သားဖြစ်သူကိုကြည့်ပြီသက်ပြင်းတချချ။ မောင်နှမ သုံးယောက်မှာ အငယ်ဆုံးဖြစ်တဲ့ အောင်တင်မြင့်ကို သူ့အစ်မနှစ်ယောက်က တဦးတည်းသောမောင်လေးမို့အလိုလိုက်ကြသည်။တင်မြင့်၏နေ့စဉ်အလုပ်တခုမှာ မုန့်ဖိုးတောင်းခြင်းသာ။၁၀တန်းအောင်သော်လည်းကျောင်းဆက်မတက်၊အလုပ်လည်းမရှာလဲအိမ်မှာသာပေတေနေသည်မှာ ယခုတင်မြင့်တယောက် အသက်ပင် ၁၈ပြည့်လေပြီ။
မုန့်ဖိုးရသည်နှင့် မျက်နှာစပ်ဖြီးဖြီးလုပ်ကာ အိမ်ရှေ့က ထီးလေးယူပြီခြံရှေ့ထွက်လာလိုက်သည်။တင်မြင့်ထွက်လာသည်နှင့် ဘေးအိမ်က သကောင့်သားလည်း ထွက်လာသည်နှင့်တိုးသည်မို့ မျက်နှာရှုံ့မဲ့ကာ
"ဟေ့ကောင် မင်းငါတို့သဘောတူထားတာကို မမေ့နဲ့နော်"
တင်မြင့် အနားလျှောက်သွားလိုက်ကာ ပြောလိုက်သည်။
"အေးပါကွာ၊မြလေးကမင်းကိုရွေးရင်ငါနောက်ဆုတ်ပေးမယ် ငါ့ကိုရွေးရင်တော့မင်းကတိအတိုင်း ခပ်ကင်းကင်းနေ"
YOU ARE READING
အချစ်များစတင်ရန် ပန်းတစ်ပွင့်