အပိုင်း(၂၀)

172 14 0
                                    

Unicode

"တင်မြင့် မင်းရောက်လာတာနဲ့အတော်ပဲ သံဃာတွေကို ဆွမ်းကပ်ဖို့ ပြင်ဆင်တော့မှာ မြန်မြန်လာ"

"အာ ဟုတ်လား ကိုဖလူး ပြင်ဆင်တာကြာသွား‌တာ ဟီး မြန်မြန်သွားရအောင်"

အာရုဏ်ဦးမှာ အရင်ဆွမ်းကပ်ပြီမှ တရားနာဖို့ တင်မြင့်တို့ ဆရာတော်နဲ့ တိုင်ပင်ထားကြသည်။ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးစုစုပေါင်းမှ (၆ ပါး)ပဲရှိတာဆိုတော့ ပြင်ဆင်ပေးရမယ့်အချိန်ကလည်း အများကြီးယူစရာမလိုပေ။ခနအကြာမှာတော့ဘုန်းကြီးတွေလည်းကြွကြလာပြီ အသီးအသီးနေရာထိုင်ခင်းယူကြသည်။ ဆရာတော်က တင်မြင့်တို့ကို ကြည့်ကာတချက်ပြုံးပြပြီး ဆွမ်းမဘုဉ်းခင် လုပ်ရိုးလုပ်စဉ်အတိုင်း စတင်လုပ်ဆောင်သည်။

ဘုန်းဘုန်းများဆွမ်းဘုဉ်းနေချိန် လွတ်လွတ်လပ်လပ် ဘုန်းနိုင်ရင် ဒကာ/မတွေကရှောင်ပေးရမည်။ကိုယ်ချက်ထားတဲ့ဟင်းဖြစ်လို့ ကြည်နူးချင်တာဆိုလည်း ခပ်လှမ်းလှမ်းကသာ ဖူးမြော်‌သင့်သည်။ထိုအချိန်‌တွင် တင်မြင့်နဲ့မိုးမြင့်ကတော့ သားသားကိုဘုန်းကြီးကျောင်းမှာရှိတဲ့ မျောက်နှစ်ကောင်ကိုသွားပြနေလိုက်သည်။မျောက်လေးနှစ်ကောင်က သူတို့ကိုမြင်တော့အစာပါမလားဆိုပြီဘေးနားလာစူးစမ်းကြသည်။ခုနကအထိ လိမ်လိမ်မာမာနဲ့ငြိမ်နေတဲ့သားက နှုတ်ခမ်းလေးမဲ့လာကာ

"အူးဝါးး....!"

"အယ် ဘာဖြစ်တာတုန်း သားရဲ့"

"အီး...ဝါး...ဝါးး..."

"သားသားကြောက်လို့လား ဖေဖေရှိတယ်လေ သူဘာမှမလုပ်ဘူး သားသားကခန့်ချောလေးမို့သူလာကပ်တာ"

တင်မြင့်ပြောလိုက်တော့ သားက မျက်နှာလေးပြန်ကြည်လာကာ တင်မြင့်ကို 'သူ့စကားယုံကြည်လို့ရပါ့မလား'ဆိုတဲ့အကြည့်နဲ့ကြည့်သည်။တင်မြင့်လည်း သားရဲ့ဗိုက်ပူလေးကို ဖွဖွကိုင်ပြီ နဖူးလေးကို ငုံ့နမ်းကာ ထိုနေရာမှထွက်ခွာလာခဲ့သည်။တခြားကလေးတွေဆို တခုခုမြင်ရင် စူးစမ်းချင်တာကြဆိုတော့ သူတို့လည်း ကြုံတုန်းခိုက်တုန်း လာပြခြင်းသာ။ဟိုတခါက ဓမ္မာရုံဘက်ကိုသွားရတာဆိုတော့ ဒီကိုမလာဖြစ်လိုက်ဘူးလေ။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now