အပိုင်း(၂၅)

177 13 0
                                    

"သားရယ် ဟိုမယ် မိုးမြင့်တယောက်တည်း ကလေးတဖက်နဲ့ သူလည်း သိပ့်လုပ်တတ်တာမဟုတ်ဘူးလေ ပြန်သွားပါကွယ်"

"ဒေါ်ဒေါ်မေနဲ့ မေမေတို့ပုံကလည်း ကျွန်တော်ပဲအပိုတွေလုပ်နေသလိုပဲ အဲ့ကောင်က သားကို အော်လည်းအော််တဲ့အပြင် လက်နဲ့တောင်ရွယ်လိုက်သေးတာဗျ"

မမြင့်တယောက် ယောက်ျားကောက်ယူသွားတဲ့ သားက သူ့အိုးသူ့အိမ်နဲ့နေတာ တလ‌ပင်မပြည့်သေးခင် မိဘဆီ အဝတ်တွေအထုတ်တွေသယ်ပြီ ပြန်ရောက်လာသောကြောင့် အံဩသွားရသည်။ညီမလေးမေနွယ်လည်း အိမ်မှာရှိနေတော့ သူတို့နှစ်ယောက်လုံးဘာများဖြစ်လို့လဲဆိုပြီစိတ်ပူသွားသည်။အိမ်ပေါ်တက်တာနဲ့ အမေကိုပြေးဖက်ပြီ အသံပြဲကြီးနဲ့ငိုတဲ့သူက မျက်ခွံတွေအိနေတာကြောင့်မနေ့ညတည်းက အဆက်မပြတ်ငိုထားတဲ့ပုံပင်။ သူစိတ်အရင်အေးအောင်လုပ်ပြီမှချော့ပြီမေးတော့ သူတို့ဖြစ်ခဲ့တဲ့ပြဿနာတွေကို ပြောပြရင်းထပ်ငိုပြန်သည်။

"သားရယ် အိမ်ထောင်ရယ်လို့ဖြစ်လာပြီဆို အမြဲစကားအချေအတင်ဖြစ်ကြတာကြီးပါပဲကွယ်"

"ဟုတ်တယ် မိုးမြင့်ကလေ တခုခုကို စိတ်ခုတာများလာရင် ဒီလိုပဲပေါက်ကွဲတတ်တာ ဒေါ်ဒေါ်မေတို့နဲ့နေတုန်းကလည်းဒီလိုပဲ တခုခုဆိုစိတ်ထဲသိမ်းထားတတ်တာ ထုတ်မပြောဘူး  နောက်မှထပေါက်ကွဲတတ်တာ ကောင်လေးရဲ့စိတ်ထားက"

"အခုက အထင်တွေလွဲပြီတယောက်နဲ့တယောက် စကားတွေကလိုရင်းမရောက်တော့ ပိုဆိုးလာတာပါကွယ်  ကြီးကြီးမားမားမှမဟုတ်ဘဲ သေချာပြန်ရှင်းပြပြီ ပြေ‌လည်အောင်နေကြပေါ့ သားရယ်"

"သားကိုလက်ရွယ်တဲ့ကောင်နဲ့တော့ တအိမ်တည်းမနေနိုင်‌တော့ဘူး"

"အော် ညည်းမိုးမြင့်ကို အမြဲနိုင်နေတာကျတော့ကော ကိုတင်မြင့်"

"ဟော်မေမေကလည်းအခုကမတူဘူးလေ"

"ကဲဆက်မပြောတော့ဘူး ဒါဖြင့်လည်းတော်ကြိုက်သလောက်နေပြီရင် ကိုယ့်အိမ်ကိုယ်ပြန်ကြွ ဒါမင်းအိမ်မဟုတ်တော့ဘူး မင်းရဲ့အိမ်ဆိုတာက မိုးမြင့်မောင်နဲ့ မင်းတို့ရဲ့သားလေးအောင်ချမ်းမြေ့ဦး ရှိတဲ့နေရာပဲ နားလည်လား ကိုတင်မြင့်"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now