အပိုင်း(၂၉)

163 12 0
                                    

Unicode

အခုသူတို့ရွာကဇာတ်ပွဲကိုသွားဖို့‌ပြင်နေတာဖြစ်သည်။ဒီဇာတ်က မိုးရာသီအပြီမှာ ပထမဆုံးငှားတဲ့ဇာတ်ဆိုတော့ လူစည်မှာအသေချာပင်။ဒါကြောင့် အိမ်ကစီးပွားရေးသောင်းကျန်းတဲ့သူလေးက ပွဲမှာခေါက်ဆွဲသုပ်၊စမူဆာအစာသိပ့်၊အသုပ်စုံ စတာတွေသွားရောင်းဖို့ပြင်နေတာဖြစ်သည်။တနေ့လုံးဟင်းချက်ရကလေးထိန်းရလျှော်ဖွတ်ရတဲ့အပြင် ညအထိပါအားတွေပြည့်နေတဲ့လူကိုတော့ မိုးမြင့်‌ အတော်လက်ခါသွားသလို အတော်လည်းလေးစားပါတယ်။

"ရပြီ ဒါယူသွား"

"စောင်ကြီးမလား "

"အင်းလေ လယ်ကွင်းမှာ လက်ရှည်ကြီးပဲ တညလုံးဘယ်လိုနေမှာတုန်း"

"အွန်းအွန်း"

ယူလာရတာများလွန်းလို့ သူတို့နှစ်ယောက်တူတူတခါ နောက်ပြီ မိုးမြင့်တ‌ေယာက်တည်းတခါနဲ့အသွားအပြန် သုံးခါတောင်လုပ်ပြီပြန်ယူရသည်။တင်မြင့်ယူလာလိုက်တာတွေကလည်း လယ်ကွင်းမှာပဲ အိမ်ကြီးဆောက်‌ပြီနေတော့မယ့်အတိုင်းပဲ။ဘာမှလည်းမပြောရဲဘူး သူယူတာမှန်သမျှ နောက်ကျအကုန်လိုအပ်မယ့်အရာကြီးပဲ။ရောင်းမယ့်နေရာကတော့ ညနေတည်းကလာကြည့်ပြီးသားမို့ယူလာတာတွေချခင်းလိုက်ရုံပဲ။ တင်မြင့်က ဇာတ်ကြိုက်တဲ့သူလေးဆိုတော့ ဈေးလည်းရောင်းရဇာတ်လည်းကြည့်ရအဆင်ပြေမယ့်အနေတော်နေရာလေး ယူထားပေးသည်။သားကတော့ လူတွေများလို့ပဲလားမသိ တအံ့တဪဖြစ်နေရှာသည်။

"သားသားငယ်ရေ ဘာတွေ ကြည့်နေတာတုန်း"

"ဖေမြင့်ဆီလာပါဦး မင်းဖေဖေခါးညောင်းနေမယ်"

"အင့်....ဟင်အင့်....."

"လာပါကွာ မင်းကလည်း တနေ့လုံးတင်မြင့်ကိုချည်းကပ်နေတာပဲ"

"အင်..မဲ့..ဟ..အင်း..."

တနေ့ကုန်ဘယ်လိုသိပ့်သိပ့်မအိပ်ပဲ တင်မြင့်ကို ဂျီကျထားတာ။နည်းနည်းကြီးလာလို့ ပင်ပန်းရသက်သာလာမလားလို့ ပိုပိုပြီကိုး ဂျီကျလာတာ။ညပိုင်းထရစ်လည်း တင်မြင့်မှတင်မြင့်ပဲ ဖြစ်နေတော့ ဘာမှမလုပ်နိုင်တဲ့သူက မိုးမြင့်ကစိတ်ညစ်သလို တင်မြင့်ကိုလည်းသနားလည်းသနား၊အားလည်းနာသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now