အပိုင်း(၅)

246 18 0
                                    

(Unicode)

တောင်ပေါ်လမ်းတလျှောက်ဖြတ်လာပြီနောက်မှာတော့ လမ်းအနည်းငယ်ပျက်စီးနေသော ရွာလမ်းထိပ်ရှေ့မှာ တက္ကစီကားလေးမှာရပ်သွားကာ

"ကျေးဇူးပါဗျာ ဦးထွန်း"

တင်မြင့်မိုးမြင့်ကိုမျက်ရိပ်ကဲဖြင့်စကားလှမ်းပြောလိုက်ကာ

"ဦးထွန်း ကားခဘယ်လောက်ကျလဲ ရပါတယ်လို့တော့မပြောနဲ့နော်"

"ဟားဟား ဒီလောက်အဝေးကြီးကို ဒီအဘိုးကြီးက မယူပဲပြန်လို့တော့ဘယ်ဖြစ်မလဲ ကဲ 30000 ပဲထားပေးမယ်"

"ဒါပေါ့ဗျာ ကျေးဇူးပါဗျာ ဦးထွန်းကျနော်တို့ကိုအများကြီးကူညီထားတော့ 35000လောက်တော့ယူလိုက်ပါဗျာ "

တင်မြင့်ကဝင်ပြောပြီ မိုးမြင့်ကတော့ ပိုက်ဆံလှမ်းပေးလိုက်သည်။ဦးထွန်းတနေ့လုံး ကားမောင်းလာရသောကြောင့် ရွာမှာ တညတည်းသွားဖို့ခေါ်သော်လည်း မြို့မှာချန်ထားလို့မရသောအလုပ်ကိစ္စတွေရှိတယ်ဆိုသောကြောင့် သူတို့လည်း အတင်းမခေါ်တော့ပေ။ဦးထွန်းနဲ့နှုတ်ဆက်စကားပြောပြီ သူတို့နှစ်ယောက်ကတော့ရွာအပြန်လမ်းလေးတလျှောက် ခြေသုတ်တင်ကာပြန်လာခဲ့ကြသည်။မနက် ၉နာရီလောက်ကထွက်လာ‌ခဲ့သောခရီးသည် ညနေ ၅နာရီခွဲမှရောက်သည်။နေ့တာရှည်သောကြောင့် ညနေ၅နာရီမှာမမှောင်သေးပေ။ပေါက်စလေး ‌ကားပေါ်တလျှောက်လုံးလိမ်မာစွာ အိပ်လာခဲ့သည်မို့ ခုတော့မျက်ဝန်းကြီးနှစ်လုံးမှာပြူးကျယ်လို့နေသည်။တင်မြင့်ကတော့ပေါက်စကိုချီထားပြီ မိုးမြင့်ကတော့ အထုတ်တွေကောခြင်းကော ထီးကော သူ့လက်ထဲပြည့်လို့နေသည်။

ရွာထဲရောက်တာနဲ့ ရွာသားတွေသူတို့ကို အကြည့်အမျိုးစုံနှင့်ကြည့်ကြပြီ တချို့မှာလည်း မကြားအောင်တဖုံကြားအောင်တဖုံးတီးတိုးပြောကြသည်။သူတို့နှစ်ယောက်ကြားလိုက်သောအသံတချို့မှာ

"ဟယ် ယောက်ျားချင်းခိုးပြေးတာတဲ့ဟယ်"

"သူတို့နေရာမှာငါသာဆိုရှက်လို့သေပြီ"

"အခြောက်က ယောက်ျားယောင်ဆောင်နေတာကိုး"

"ဟဲ့ကြည့်ပါဦး သူတို့လက်မှာကလေးနဲ့"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now