အပိုင်း(၂၃)

140 12 1
                                    

အခုက ဒေါ်ဒေါ်မေ ပြောတဲ့အိမ်ကိုပြောင်းဖို့ပြင်နေကြတာဖြစ်သည်။ အိမ်ကခြေတံရှည်ဖြစ်ပြီ အရမ်းကြီး မကြီးပေမဲ့ ခြံကတော့ တော်တော်ကျယ်သည်။ပစ္စည်းတွေအများကြီးမရှိတာမို့ များများစားစားလည်းသယ်နေစရာမလိုဘူးလေ။ဟိုကောင်မိုးမြင့်ကတော့ ညကအိပ်မရတာလားဘာဖြစ်တာလဲမသိ မှိုင်းထွေးနေသည်။အိမ်က မေမေက အမိုးအသစ်ပြန်လဲထားပေးပြီ သန့်ပါသန့်ရှင်းပေးထားတော့ တက်နေရုံပင်။

"မိုးမြင့် "

"ဟမ်?။

"ဘယ်လို ဟင်းချက်ထမင်းချက်ရမှာလဲ လာကြည့်ပေးဦး "

"အော် မေမေကပြောတယ် မီးသွေးဖို ဝယ်ပြီ မီးသွေးနဲ့သုံးချည်တဲ့"

"ဟမ် ဒါဆိုသွားဝယ်လိုက်တော့လေ တနေ့ကုန်အဲ့မှာထိုင်နေမလို့လား"

"မမနီဖွေး လာပို့မှာတဲ့"

"အော် မမလတ်လာပို့မှာလား"

"အင်း မင်းဗိုက်ဆာလို့လား"

"အင်းနည်းနည်း"

"ဟော် ပြောရင်းဆိုရင်း ရောက်လာပြီ"

မမလတ်ကာ ဆိုင်ကယ်နဲ့လာတာဖြစ်ပြီ မီးသွေးတအိတ်ရယ် မီးသွေးဖိုရယ် ၃ဆင့်ချိုင့်တချိုင့်ရယ်ယူလာသည်။မမက အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်ပြီမိုးမြင့်က ကူသယ်သည်။

"ဒီမှာ ထွေးလေးတို့အတွက်မေမေချက်ပေးလိုက်တာ "

"ဝါး..ဗိုက်ဆာနေတာနဲ့အတော်ပဲ မမ လည်းတူတူစားသွားလေ"

"စားပြီပြီး မေမေက သူ့သားနဲ့သမက်လေးအတွက် သီးသန့်ချက်ထားပေးတာ "

"ဟဲဟဲ "

"အေးဆေးစား မမကလေးကြည့်ထားပေးမယ်"

တင်မြင့်တို့လည်း အိမ်ရှေ့က ကွပ်ပျစ်လေးပေါ်မှာ ထိုင်စားလိုက်သည်။

"ကျေးဇူးပဲ ဒါနဲ့မမဒီအိမ်ကို ဘယ်လိုသိပြီရောက်လာတာလဲ ကျွန်တော်တောင် ခုမှရောက်ဖူးတာ"

"နင်က အမြဲအိမ်မှာပဲကပ်နေတာကိုး ပတ်ဝန်းကျင်ကိုမှမလေ့လာပဲ"

"မမကလည်း "

သူမမကို မျက်စောင်းထိုးလိုက်တာကို မြင်တဲ့မိုးမြင့်က ပြုံးစိပြုံးစိဖြင့် မျက်စောင်းထိုးခံရတဲ့လူကတော့ သူ့ကိုထိုးလို့ထိုးမှန်းမသိ သူများသားကို အာဘွားတွေလိုက်ပေးနေသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now