အပိုင်း(၁၅)

138 13 2
                                    

ဟိုလူက သူ့ကိုအိမ်ထဲမခေါ်တာကထားဦး။တင်မြင့်ကတော့ သူတို့နှစ်‌ယောက်ကို ဂရုစိုက်ရမယ်လေ။အခုကဟိုကောင်နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတော့ သူတို့နှစ်ယောက်ထက် ထိုအကိုကြီးဆိုသူက ပိုအရေးကြီးနေလို့လား။မိုးမြင့်လည်းအိမ်ထဲမဝင်ပဲ စက်ဘီးရပ်ထားတဲ့ခြံစည်းရိုးနားမှာသာ ရပ်နေလိုက်သည်။အထဲတွင်တော့

"အမြင့် ဘယ်လာတာတုန်း"

"ဘယ်မှမလာဘူးကိုကြီးရေ အကိုကြီးတို့ဆီကိုပဲလာတာ ဟာ
ကိုဖလူးပြန်ရောက်နေတာလား"

"တနေ့တည်းကမှရောက်တာ တင်မြင့်ရေ"

တင်မြင့်အကိုကြီးနဲ့စကားပြောနေတုန်း အကိုဖလူးကိုတွေ့လိုက်တော့အံ့ဩသွားသည်။ကိုဖလူးက သူ့ထက်အတန်း (၂)တန်းကြီးကာ  မြို့မှာ ကောလိပ်သွားတက်နေတာဖြစ်သည်။တင်မြင့်တို့ရွာက အလယ်တန်းအထိပဲရှိတာဖြစ်လို့ ၈တန်းနှစ်မှာတခြားရွာမှာသွားတက်ရင်းကနေ အကိုဖလူးနဲ့သိခဲ့သည်။အကိုကြီးဆိုတာကလည်း အကိုဖလူးရဲ့အကိုဖြစ်ပြီ ပညာရေးဘွဲ့ရတယောက်ဖြစ်သည်။သို့သော် သူတို့ရဲ့မဖွံဖြိုးတဲ့ရွာလေးမှာ စာသင်ဖို့ဆရာ/မကသိပ့်မရှိတာမလို့ အကိုကြီးက ကျောင်းမှာကျောင်းဆရာလုပ်ပြီ အစိုးရစစ်အတန်းတွေအတွက် ကျူရှင်ဖွင့်သည်။‌စေတနာနဲ့လုပ်တာမလို့ပိုက်ဆံမယူသော်လည်း ကလေးမိဘများက သူတို့မှာရှိတာနဲ့လာပေးကန်းကြတော့ မငြင်းနိုင်သည့်အဆုံး အလွန်သက်သာ‌တဲ့ဈေးနှုန်းဖြင့် ကလေးလက်ခံရသည်။ ကလေးကအတန်းလည်းစုံတော့ တင်မြင့် ၁၀တန်းအောင်ပြီ ဒီမှာဂိုက်လုပ်ပေးဖြစ်သည်။ကလေးငယ်ငယ်လေးတွေကိုပေါ့။ အများကြီးသင်ယူဖြစ်ခဲ့ပြီ အများကြီးအကူညီယူခဲ့ရတဲ့လူဖြစ်လို့ တင်မြင့်ကတော့ ကိုကြီးကို လေးလည်းလေးစာသလို ကျေးဇူးတင်၍လည်းမဆုံးပေ။

"အစောကြီးရှိသေးတာ တခုခုစားပြီပြီးလား"

"အယ် မစားရသေးဘူးကိုကြီး မနက်စောစောထလာပြီဘုန်းကြီးကျောင်း ဆွမ်းသွားပို့ပြီပြန်အလာ‌ ကိုကြီးတို့ဆီဝင်လာတာ"

"အော် ဒါဆိုကွက်တိပဲ ကိုကြီးတို့လည်းထမင်းစားဖို့ပြင်နေတာ ဝင်စားသွားလိုက်ပါလား"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now