(Unicode)
"ဟာ စောင့်ဦးလေ တင်မြင့်"
သူစလိုက်ရာမှ ရုတ်တရက်မြန်နှုန်းမြင့်ကာ အရှေ့ကိုရောက်သွား သူကို လှမ်းအော်လိုက်သည်။
" လမ်းပဲလျှောက်သွားတော့မလို့လား"
တင်မြင့် ဘာမှပြန်မဖြေမိ။သူ့ကိုလည်းမကြည့်ပဲအရှေ့ကိုသာ ဦးတည်သွားနေသည်။ခနအကြာမှာတော့ သူ့လက်ကို ဆွဲကိုင်လာတဲ့လက်တစုံ။
"ဟင် မင်းလက်တွေဘာလို့အေးစက်နေရတာလဲ"
မိုးမြင့်ဟိုကောင့်လက်ကို ဖမ်းဆွဲလိုက်တော့ အေးစက်နေသည်။နောက်တဖက်ကိုပါ ကိုင်ကြည့်တော့ ထိုနည်းတူပင်။
"မင်းအဆင်ပြေရဲ့လား"
ဘာမှမဖြေပဲ မိုးမြင့်ကိုကြည့်လာသူက မိုးမြင့်နဲ့အကြည့်ချင်းစုံသွားတော့ တဖက်ကို ချက်ချင်းလွဲသွားသည်။မသိရင် သူတို့အနေအထားက ကောင်လေးက မိန်းကလေးကို လက်နှစ်ဖက်ဆုပ်ကိုင်ကာ' ကိုယ်မင်းကိုချစ်တယ် မင်းရော' ဆိုတဲ့အနေအထားမျိုး။ဟိုကောင်ကလည်း ခေါင်းကိုဟိုလှည့်ဒီလှည့်နဲ့ မျက်လုံးကလည်း ဂဏမငြိမ်။ မိုးမြင့် သူ့နှာဖူးပေါ် လက်တင်ဖို့ပြင်လိုက်တော့ ချက်ချင်းအနောက်ဆုတ်သွားပြီ...
"သွား...သွားမယ်လေ စက်ဘီးနဲ့ "
သူတို့ရွာအနောက်ဘက်က တောကို တောင်နဲ့မြောက်ကနေပတ်ပြီသွားလို့ရတယ်။မြောက်ပိုင်းကနေသွားရင်တော့ သူတို့လက်ရှိနေတဲ့ တဲနဲ့ပိုနီးပြီ တောင်ပိုင်းဘက်ကဆို နည်းနည်းဝေးသည်။ပြီရင် အဲ့နေရာက လူပြတ်သည်။ငယ်ငယ်ကပါးစပ်ပြောပုံပြင်တွေအရဆို ဒီမှာ ဥစ္စာစောင့်တွေနေတယ်တဲ့။နတ်ကြီးတယ်ပေါ့ကွာ။
မိုးလည်းမှောင်စပြုလာပြီမို့ မိုးမြင့်လည်းအရှိန်တင်ကာ နင်းလာခဲ့သည်။ ဒီနေရာကိုမှောင်ရီပျိုးလာပြီဆို ဘယ်သူမှာမလာရဲကြတော့ပေ။ကလေးငယ်ငယ်လည်း ပါတာမို့ မိုးမြင့်က
"တင်မြင့် ငါ့ကို ကိုင်ထား ဘုရားစာလည်းရွတ်နော် "
မိုးမြင့်ပြောလိုက်တော့ သူ့ခါးကို အေးစက်နေသောလက်တဖက်က တင်းတင်းကျပ်ကျပ်လာကိုင်ပြီ ပေါက်စကိုလည်း သူကျောကုန်းနဲ့ကပ်ကပ်လေးထား,ထားလိုက်သည်။တင်မြင့်လက်တဖက်က ပေါက်စကို ရင်ခွင်ထဲ တင်းတင်းဖက်ထားပြီ တဖက်ကတော့ မိုးမြင့်ကိုပေါ့။ဒီလူသားနှစ်ယောက်လုံးက သူတန်ဖိုးထားရတဲ့လူတွေလေ။ တင်မြင့် ဘုရားစာရွတ်လိုက် မေတ္တာပို့ပေးလိုက်နဲ့လမ်းတလျှောက်လုံးလိုက်ပါလာသည်။မိုးမြင့်လည်းထိုနည်းတူပင်။ ပေါက်စလေးကတော့ သူဟိုဦးလေးဆိုင်မှာ မုန့်ဝယ်တည်းက အိပ်ပျော်သွားတာဖြစ်သည်။
YOU ARE READING
အချစ်များစတင်ရန် ပန်းတစ်ပွင့်