အပိုင်း (၁၉)

171 13 0
                                    

(Unicode)

"အူနဲ........!!"

ကလေးတယောက်ကို မွေးရတာလည်းမလွယ်သလို ပြုစုပျိုးထောင်ရတာလည်း နည်းနည်းလေးတောင်မလွယ်နေပါဘူး။အိပ်ရေးလား? တခါမှဝဝအိပ်ရတယ်ဆိုတာမရှိပါဘူး။အစားအသောက်လား? သားကလိမ်မာလို့ အေးဆေးစားနိုင်တာ။ဘယ်သွားသွားဘာလုပ်လုပ် ကလေးတဖက်နဲ့ သွားနေလုပ်နေစားနေရတာက အရမ်းကိုမှပင်ပန်းပါတယ်။ဒါပေမဲ့ တခါမှညည်းတွားတာမျိုးမရှိခဲ့ပါဘူး။

"အူနဲ....အူနဲ......"

တကိုယ်လုံးတွန့်လိမ်ကာ ငို‌နေသောပေါက်စလေးကြောင့် မိုးမြင့်ကောတင်မြင့်ကော နိုးလာကြသည်။မိုးကလည်း ညဦးပိုင်းတည်းက‌ရွာလိုက်တာ အခုထိကိုမတိတ်ပေ။မိုးမြင့်ကသားကို သူ့ဆီလွဲပေးပြီ လက်နှိပ့်ဓာတ်မီးလေးဖွင့်ကာ နို့ဆင်းဖျော်သည်။သားကတော့ အသံပြဲကြီးနဲ့ငိုနေဆဲပင်။သူလည်း ကုတင်ပေါ်မှခြေလျှောထိုင်ကာ သားကို သူ့ပခုံးပေါ် မေးစေ့လေးတင်ပြီ ကျောလေးကိုဖွဖွပုတ်ပေးသည်။

"ကျွတ်...ကျွတ် ...ဘာဖြစ်တာတုန်း သားသားရဲ့"

"အူနဲ....."

"နေဦး ရေနွေးကတအားပူနေတုန်းပဲတင်မြင့်ရေ ဘာလို့တအားငိုနေတာတုန်း ဗိုက်ဆာနေလို့လား သားငယ်ရဲ့"

"အူနဲ.......အူနဲ......"

"ကျွတ်...ကျွတ် မိုးမြင့် ငါ့ကိုအနှီးတထည်လောက်ပေးဦး သူ့ခြေထောက်လေးတွေအေးနေတယ်"

မိုးမြင့်လည်း မမြင်မကမ်းနဲ့ လိုက်ရှာပြီအနှီးတထည်ထုတ်ပေးလိုက်သည်။ပြီနောက် တင်မြင့်ဘေးမှာဝင်ထိုင်လိုက်ပြီသားရဲ့ခြေထောက်တွေလက်လေးတွေကို ကိုင်စမ်းကြည့်တော့ ရေခဲတုံးလိုပင်အေးစက်နေသည်။ဓာတ်မီးရောင်အောက်က အလင်းနဲ့မြင်နေရတဲ့ သားရဲ့ အသားအရည်ဟာ အပြာရောင်သန်းနေတော့ မိုးမြင့်သွေးဆောင့်တက်ပြီ ရင်ဘတ်တခုလုံးပူထူသွားသည်။

"တင်မြင့်  ကလေးက ပြာနေတယ်"

"ဟင်?"

မိုးမြင့်ပြောလိုက်မှ သားရဲ့ ခြေဖမိုးလေးတွေကိုကြည့်လိုက်တော့ အပြာရောင်သန်းနေသည်။တင်မြင့်စိတ်တွေအကုန်လွင့်ပြန့်ကုန်ပြီး စိုးရိမ်လွန်ကာ ငိုချင်လာသလို ဖြစ်လာတော့သည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now