အပိုင်း(၂၄)

146 11 6
                                    

မိုးမြင့်ပြန်လာတော့ အဝတ်တွေထုတ်လှမ်းထားတာတွေ့ပြီ နှုတ်ခမ်းကွေးရုံ ပြုံးမိသွားသည်။တကယ်ကိုသူ့စကားဆို နားထောင်လေ့မရှိတဲ့လူပါပဲလေ။ အိမ်ပေါ်ကိုတက်လာတော့ အိမ်အခန်းထဲမှာမဟုတ်ပဲ အိမ်ရှေ့ ဘုရားခန်းမှာဖျားလေးခင်းပြီ အိပ်ပျော်နေသောနှစ်ယောက်။တင်မြင့်ကနားပါးတာမို့ သူခြေဖွဖွလေးလျှောက်ကာ ချိုင့်ကိုအိမ်နောက်ဖေးမှာသွားထားတုန်း

"ဟင် ပြန်လာပြီလား "

"နိုးသွားတာလား "

"အင်းအိပ်တာလည်း ကြာနေပြီလေ"

"ဘာယူလာတာလဲ"

"ငါးခြောက်တွေ ပျက်သွားလို့တဲ့ အလုပ်ရှင်က အတင်းပေးတာ ငါလည်းမငြင်းကောင်းတာနဲ့ယူလိုက်တာ "

"အင်း...အရမ်းကြီးလည်း မပျက်သေးပါဘူး "

"အင်း မင်းပဲကြည့်လိုက် စားရအဆင်မပြေရင်ပစ်လိုက်နော်"

မိုးမြင့်က ပြောရင်းဆိုရင် သားနားကို ပြန်လာပြီ သားဘေးမှာထိုင်ချလိုက်သည် ။ပြတော့ သူ့အိတ်ကနေတခုခုကိုမွှေပြီနောက်

"တင်မြင့်ရော့ လိုရမယ်ရသိမ်းထား"

ဘာရယ်တော့မဟုတ် ပြန်လာတာနဲ့ ပိုက်ဆံအပ်တဲ့လူကိုကြည့်ပြီ တင်မြင့်စိတ်ထဲ ကြည်နူးကာ မျက်နှာမှာတော့အပြုံးကြီးပြုံးနေမိသည်။မိုးမြင့်ပေးတဲ့ပိုက်ဆံကိုယူပြီ

"ထမင်းစားကုန်ခဲ့လား"

"အွန်း ရှယ်ပဲ အလုပ်ကလူတွေလာမြည်းကြတာ အကုန်တယောက်တမျိုးချီးကျူးသွားတယ်"

"ဟဲဟဲ ဟုတ်လား"

"ဟုတ်ပ့ ဒါနဲ့ခရုဟင်းကျန်သေးလား အရမ်းကောင်းတာပဲ ငါဖြင့်စားမဝဘူး"

"မရှိတော့ဘူး သွားရောင်းလိုက်တာလေ စထွက်တုန်းရှိသေး အဲ့တအိမ်က အလုပ်သမား တွေများလို့ဆိုပြီ အကုန်ဝယ်ချပလိုက်ရော ငါလည်း အဲ့ပိုက်ဆံနဲ့ ဆိုင်သွားပြီ စားဖို့သောက်ဖို့သွားဝယ်လိုက်တယ်"

"ဘာ..ဘာပြောလိုက်တာ မင်း ဟင်းလိုက်ရောင်းတယ်ဟုတ်လား "

"အေး‌လေ ဟင်းလည်းအများကြီးပဲ အစတည်းက လိုက်ရောင်းဖို့စဉ်းစားထားတာ"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now