အပိုင်း(၁၇)

179 15 2
                                    

(Unicode)

တင်မြင့်ပေါက်စကိုနို့တိုက်ပြီ ရင်ဘတ်ကနေပိုက်ချီကာ ကျောကုန်းလေးကိုပုတ်ပေးနေသည်။စတွေ့တုန်းက လက်ဖဝါးတခုစာထက် သေးတဲ့ သားသားကခုဆို လက်ဖဝါးတခုစာလောက်ရှိနေပြီဖြစ်သည်။သူလည်း ‌ဖြည်းဖြည်းလေးပုတ်ပေးလိုက် ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ သားကိုအူယားပြီ ခေါင်းလေးကိုငုံ့နမ်းလိုက်ဖြင့်တင်မြင့်တယောက်အလုပ်ရှုပ်နေသည်။

"ကလေးကဖြူတယ်နော်"

"ဟုတ်ပ့ ကျွန်တော်တို့စတွေ့တုန်းကဆို သူလေးက နီတာရဲလေးဗျ ခုမှအရောင်ပြောင်းပြီဖြူလာတာ"

"အော် ဆေးခန်းတွေဘာတွေသွားရသေးလား အမြင့်"

"ဟုတ်ကဲ့ ကိုကြီး ကျွန်တော်တို့ကလေးဆေးခန်းမှာ သွားပြထားတာ ဆရာမကတော့ ရွာရောက်ရင် ဆေးခန်းပြပါတဲ့ ကာကွယ်ဆေးတွေထိုးရမယ်ဆိုပြီမှာလိုက်တယ်"

"ပေါင်ကအညိုသန်းနေတာက ဆေးထိုးထားတာလား"

"ဟုတ်တယ် ထိုးပြီတော့သားကမငြိမ်တာနဲ့သေချာမချေပေးလိုက်မိတော့ အခုထိ ညိုသလိုလိုပြာသလိုလိုဖြစ်နေတာ "

"ထိရင်နာမယ်ထင်တယ်"

"ဟုတ်နာလောက်တယ်"

သူကျောကုန်းပုတ်ပေးတာ အချိန်တခုကြာပြီတော့မှ သားကလေချဉ်တက်သည်။သားလေချဉ်တက်ပြီမှဂျိုင်းကနေပြန်မြောက်ချီလိုက်တော့ သားသားသွားရည်တွေကျနေသည်။သူလက်ပေါ်မှာလည်းသွားရည်တွေ ပေပွနေသည်။သူလည်း ယူလာတဲ့သားရဲ့အနှီးနဲ့သေချာသုတ်ပေးလိုက်ကာ

"ဘာလို့ သွားရည်တွေကျနေရတာတုန်း သားရဲ့  မွမွ..ဒီပါးကြီးကို ကိုက်ချားချင်လိုက်တာကွာ မွမွမွ ပြွတ်စ့်"

"ကလေး သွားရည်ကျတာပုံမှန်ပဲမဟုတ်ဘူးလား အမြင့်ရဲ့"

"ပုံမှန်ပဲဆိုမဲ့ သားက ခုမှရက်သားပဲရှိသေးတာကိုကြီးရဲ့ သွားရည်ကျတဲ့အရွယ်က သွားပေါက်တဲ့အရွယ် ၃-၄လလောက်မှ ကျတတ်တာ"

"အော် အဲ့လိုလား အမြင့်တောင်တော်တော်သိနေပြီးပဲ"

"ဟဲဟဲ ဒီအဖြူဥတုံးလေးအတွက် လေ့လာထားရတာအများကြီး"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now