"နိုးပြီလား"
"အင်း"
" ထတာနောက်ကျလိုက်တာ အလုပ်ပိတ်လို့လား"
"မပိတ်ဘူးရယ် "
"အယ် ဟုတ်လား ငါလည်း မနေ့ညက ခေါင်းမူးနေတယ်ဆိုလို့မနိုးလိုက်တာ"
"တော်ပြီ ဒီနေ့ နားလိုက်မယ် "
မိုးမြင့်က အလုပ်နားခဲတာကြောင့် တင်မြင့် သူ့နားလျှောက်သွားလိုက်ပြီ နဖူးပေါ်လက်တင်ကြည့်တော့
"နေမကောင်းဘူးလား ကိုယ်တော့နည်းနည်းနွေးနေတယ် ဆန်ပြုတ် လုပ်ပေးရမလား"
"နေနေ ရတယ် ဘာချက်ထားလဲ"
"ဟင်းချို နဲ့ငါးကြော် "
"အော်ဒီလောက် ကောင်းနေပြီကို ဆန်ပြုတ်တည်မနေနဲ့တော့ "
မိုးမြင့်က ပြောပြီ အိမ်နောက်ဖေးမှာမျက်နှာထိုင်သစ်နေသည်။သူ့ခေါင်းကိုလည်း တချိန်လုံးနှိပ့်နေရှာတာ။ခေါင်းတော်တော်ကိုက်နေလို့များလား။သူမျက်နှာ သစ်ပြီပြန်လာတော့ ထမင်းခူးနေတဲ့တင်မြင့်ကို
"စားနှင့်နော် ငါမဆာသေးလို့"
ပြောကာ အခန်းထဲပြန်ဝင်သွားသည်။တင်မြင့်လည်း စိတ်ပူတာနဲ့လိုက်လာကြည့်တော့ သူ့ခေါင်းအုံ့နဲ့ စောင်ကိုယူနေတာမို့
"အိမ်ရှေ့မှာအိပ်ဖို့လား ငါပြင်ပေးမယ်လေ ကုလားထိုင်မှာသွားထိုင်နေသွား"
"အင်း မင်းအလုပ်တော်တော်များသွားပြီ ခေါ်ခေါ်လာချင်းအရမ်းခိုင်းစားသလိုဖြစ်သွားလား"
"ဖြစ်တယ်ဖြစ်တယ် ဒါမဲ့လည်းဒီတယောက်ပဲရှိတာဆိုတော့ လုပ်ပေးရတာပေါ့ကွာ ဟုတ်တယ်မလား"
သူပြောလိုက်တော့ ကုလားထိုင်မှာ သူ့နားထင်ကိုလက်ထောက်ကာ ထိုင်နေတဲ့ မိုးမြင့်က နှုတ်ခမ်းကွေးရုံပြုံးပြပြီ ခေါင်းတညိတ်ညိတ်လုပ်ပြလိုက်သည်။
"လာလှဲလို့ရပါပြီခင်ဗျ လျှောက်နိုင်လားတွဲပေးရမလား"
"ဟားဟား မင်းလုပ်ပုံကလည်း ငါကသေတော့မယ့်အဘိုးကြီးကျနေတာပဲ"
"အမယ်လေး မသေရပါဘူး သေရင်တောင် မရရအောင်ပြန်နိုးမှာ "
"ဟင် ဘာလို့လဲ ငါမရှိဘဲမနေနိုင်လို့လား"
YOU ARE READING
အချစ်များစတင်ရန် ပန်းတစ်ပွင့်