အပိုင်း(‌၃)

311 20 2
                                    

(Unicode)

ပေါက်စလေးမှာ ဘာကိုအလိုမကျဖြစ်လဲမသိ ဒီအိမ်ရောက်တည်းက ငိုလိုက်သည့်ပွဲ တင်မြင့်နှင့်မိုးမြင့်မှာပြာယာကိုခတ်လို့။ဦးလေးကြီးကတော့ ညဘက်အလုပ်ရှိတယ် အိမ်ပြန်မအိပ်ဖြစ်ဘူးဆိုတာရယ် သူတို့လင်မယားအိပ်သည့်အခန်းမှာဝင်အိပ်လို့ရတယ်ဆိုတာရယ်နဲ့ သူတို့နှစ်ယောက် အတွက် ပုစိုးအသစ်နှစ်ထည်နှင့် ရှပ်အင်္ကျီနှစ်ထည်ထုတ်ပေးသွားသည်။

"ဟေ့ကောင် မိုးမြင့် မင်းရေနွေးက ဒီတသက်ရဦးမှာလား  ဒီမှာကလေးက ဆာနေပြီ"

တင်မြင့် ပေါက်စကို ချီပြီလမ်းလျှောက်ရက်နဲ့ လှမ်းအော်လိုက်တော့ ကုပ်ကုပ်နဲ့ နို့ဗူးတခါခါလုပ်ကာမီးဖိုချောင်မှ အိမ်ရှေ့ဘက်ကိုထွက်လာသည်။အမှန်တော့နို့ကအရည်နဲ့ဖြစ်သော်လည်းနို့ဗူးထဲထည့်ကာ ရေနွေးဖြင့် နွေးနွေးလေးဖြစ်နေအောင်လုပ်ခြင်းဖြစ်သည်။

"လာပါပြီကွာမင်းကလည်းနားကိုညီးနေတာပဲ ပေါက်စကိုငါပဲနို့တိုက်လိုက်မယ် မင်းရေသွားချိုးလိုက်တော့"

"မင်းဖြစ်ပါ့မလားကွာ"

"ဖြစ်ပါတယ်ဆိုကွာ သွားသွား မြန်မြန်"

ပေါက်စကို အတင်းလာလုနေသောကြောင့်တင်မြင့်လည်း လွဲပေးလိုက်သည်။သူလည်း နို့လောက်တော့တိုက်တတ်မှာပါလေဆိုပြီတွေးကာ တင်မြင့် ရေချိုးရန်ပြင်လိုက်သည်။ရေမချိုးခင် အခန်းထဲရှိမှန်တွင် သူ၏ လက်တဆုပ်စာ ဆံပင်အား ကိုင်ကာ 'အဲ့မယ် စောက်ချောကြီးငါပါလားကွ' ‌ဟုတွေးကာ တင်မြင့်တယောက် ပြုံးစိစိ‌ဖြစ်နေသည်။သို့သော် အတွေးတို့မှာ ‌ပေါက်စလေး ငိုသံကြောင့် ကြာကြာမခံလိုက်

"အား....ဟေ့ကောင်လာဦးကွ "

ပေါက်စလေးမှာ နို့အန်နေပြီ တွန့်လိမ်ကာ အော်ငိုနေသည်။မိုးမြင့် ပေါက်စလေး၏ကျော်ကိုအသာလေးပုတ်ပေးကာ လှမ်းပြောလာသည်။

"ကျွတ်..ကျွတ်...ဘာဖြစ်တာ‌တုန်း ပိစိလေးရ "

"အူဝဲ...အူဝဲ...."

"အင်း ...ဘယ်နားနာလို့တုန်း ပိစိလေးရေ ပြောပါဦး ဦးဦးကို"

"အူဝဲ....အူဝဲ...."

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now