အပိုင်း(၆)

240 17 0
                                    

(Unicode)

တဲလို့သာဆိုသည် အိမ်နဲ့တောင်ဆင်သလိုလိုပင်။ကိုမျိုးမင်းက ထင်းခွင်းတာတို့ ယုန်ထောင်‌ချောက်စောင့်တာတို့ဆို ရက်နဲ့ချီပြီနေတတ်သောကြောင့်ကောင်းကောင်းဆောက်ထားသည်။အနီးတွင် ရေတွင်းလည်းရှိပြီ အိမ်သာပါရှိသေးသည်။ပြောရရင် ယာယီနေဖို့မဟုတ်ပဲရေရှည်နေဖို့လုပ်ထားတဲ့နေရာလိုဖြစ်နေသည်။

"ငါမီးဖိုလိုက်ဦးမယ် "

"အင်း"

ခနကြာတော့ မိုးမြင့် ဟိုကြည့်ဒီကြည့်လုပ်နေသောကြောင့်

"ဘာရှာတာလဲ"

"အဟဲဟဲ မီးခြစ်မတွေ့လို့"

"ဟမ့် ထင်သားပဲ"

"မင်း‌ကလေသိလား ကူရှာမယ်မရှိဘူး အပြစ်ပြောမယ်ဆိုတာကြီးပဲ"

"မင်းစကား‌များမနေနဲ့ မြွေသာဆိုမင်းကိုပေါက်လိုက်ပြီ "

တင်မြင့်စကားကြောင့် သူနောက်တခေါက် မျက်လုံးကစားလိုက်သည်။သို့သော် သူမီးခြစ်အားတကယ်မတွေ့တာပါ။

"အဲ့အလုံးတွေဘယ်ကြည့်နေတာလဲ ဟိုမှာ မီးဖို ရှေ့မှာတင်လေ"

တင်မြင့် မျက်လုံးနဲ့ထိုးပြလိုက်တာတောင်ချက်ချင်းမတွေ့နိုင်သောထိုလူသား။အဖေပြောတဲ့ ခိုးပြေးလာတယ်ဆိုတဲ့ကောင်ကိုလည်း ကြည့်ဦးဗျာ။အားကိုးရချက်က လက်လန်တယ်။

"အူးနဲ...အူနဲ..."

"ဟော်ပေါက်စရေ ဗိုက်ဆာလည်းအောင့်ထားဦး ခုမှမင်းအဖေက မီးခြစ်ရှာတုန်း"

တင်မြင့်စကားကြောင့် မိုးမြင့်ရဲ့ အကောင်ပေါက်လေးမှာ တဒုန်ဒုန်ပင်။မီးခြစ်ရှာနေရင်းမှ ပေါက်စနဲ့ တင်မြင့်အနားသွားလိုက်ပြီ

"ပေါက်စရေ မင်းအမေက လေကြီးပဲရှိတယ် သူကျဘာမှမလုပ်ဘူး"

တင်မြင့်သူ့အား 'အမေ'ဟုသုံးလာသူကြောင့် ရှက်ရမ်းရမ်းကာ သကောင့်သားခေါင်းကို ဘေးက ရေဘူးဖြင့်ခေါက်ချလိုက်သည်။

"အ့ မင်းဘာလုပ်တာလဲ"

"စကားများမနေနဲ့ လုပ်စရာရှိတာဖြင့်သွားလုပ်"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now