အပိုင်း (၉)

189 17 0
                                    

(Unicode)

"မိုးမြင့်မင်းပြောတာ‌လေ တဘက်ခါဆွမ်းကျွေးမယ်ဆိုလား"

"အင်း ?"

"အဲ့ဒါတကယ်လား"

"အင်းလေ မနက်ဖြန်ကျ ဆရာတော်ကိုသွားကန်တော်ပြီအသိပေးမယ်တဘက်ခါကျဆွမ်း‌ကျွေးမယ်လေ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူးပေါ့"

"အော်... "

"အင်း၊ ပေါက်စအိပ်နေတာတာ ငြိမ်နေကောပဲနော် နောက်ကျရင်အဲဒီလိုနည်းနဲ့သုံးရမယ်"

"အင်း..ဟုတ်တယ် ၊ ငါတို့အဲ့လိုလုပ်လိုက်ရင် ကောလဟသတွေမှန်သလိုဖြစ်သွားမှာပေါ့"

"မင်းက အဲ့ဒါကို ဂရုစိုက်နေတာလား ငါကတော့နိုးပဲ ပေါက်စလေး‌ အတွက်လည်းပါသလိုမင်းကြောင့်လည်းပါတယ် ပတ်ဝန်းကျင်ကို ငါဂရုမစိုက်ဘူး"

"အင်း.."

တင်မြင့် တိုးညှင်းတဲ့အသံနဲ့သာတုံ့ပြန်လိုက်သည်။ဒီလောက်ထိလုပ်ဖို့မှမလိုအပ်တာ။ဘာလို့လဲ ဘာအတွက်လဲ ဆိုတဲ့မေးခွန်းတွေက သူ့ခေါင်းထဲပြည့်နှက်လို့နေသည်။ဒါပေမဲ့ သူရှည်ရှည်ဝေးဝေးထပ်မမေးမိတော့။အကြောင်းမှာ သူနဲ့ပေါက်စလေးကြောင့် ဆိုတဲ့စကားကြောင့်ဖြစ်လိမ့်မည်။

"ဟေ့ကောင် ရပ်ရပ်"

ရုတ်တရပ်ကြီး သူ့ကျောကို တဖတ်ဖတ်ရိုက်ကာ အော်လာ‌ေသာသူကြောင့် ရပ်‌ပေးလိုက်သည်။ဆိုင်ကယ်ရပ်တာနဲ့ပြေးဆင်းသွားတဲ့သူကြောင့် 'ဘာတွေအဲ့လောက်အရေးကြီးနေလို့လဲဟ' ဟု မိုးမြင့်တွေးလိုက်သည်။သို့သော် သကောင့်သားနောက်လိုက်သွားမှပဲ အဖြေမှာ ဖြေစရာမလိုပဲရှင်းလင်းသွားတော့သည်။

သူတို့နေတဲ့ နေရာ တလျှောက်မှာ ရွာတွေအများကြီးရှိပြီ အနောက်မြောက်ဘက်က ရွာမှာဆို မြစ်တစင်းရှိတယ်။အဲ့ရွာက လူတွေက ငါးပိုက်ချတာတို့ ပုဇွန်ကောက်တာတို့လုပ်ကြပြီအနီးနားကရွာမှာ ပတ်ရောက်ကြသည်။သဘာဝဖြစ်ပြီလတ်ဆတ်တာမို့ ဈေးကြီးပေးရတာနဲ့တန်သည်။အခုလည်း ပုဇွန်ထုပ် ရွက်ရောင်းနေသော ကလေးမလေးနှစ်ယောက်ကို အိမ်တအိမ်က ခေါ်ပြီ ပုဇွန်ထုပ် ရွေးနေသည်။ဒါကို ဒီကောင်မြင်တာ မျက်လုံးတော်တော်လျှင်တယ်ပြောရမယ်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now