အပိုင်း (၂၇)

134 13 0
                                    

ဆေးရုံတက်ရပြီနောက်ပိုင်း တင်မြင့်က မိုးမြင့်ကို အလုပ်ပေးမသွားပေ။အလုပ်ကိုသူကိုယ်တိုင်ရှာပေးမယ်ဆိုတာကြီးသာပြောနေတာ သူ့ကိုကြည့်လိုက်ရင် ဟင်းပတ်ရောင်းလိုက် အိမ်အလုပ်လုပ်လိုက် ကလေးထိန်းလိုက်နဲ့ မိုးမြင့်အတွက်အလုပ်ရှာဖို့အချိန်တောင် ရှိရဲ့လားမသိ။သူ့မှာနေ့တိုင်းကျောက်ရုပ်ကြီးလိုပဲ။နေ့လည်ဟင်းပတ်ရောင်း‌ရင်တော့မိုးမြင့်ကိုခေါ်ရှာပါတယ်။ဒီရွာမှာသူရဲ့အသိတွေက မိုးမြင့်ထက်တောင်များနေပြီ။သူ့အသိတွေနဲ့မိုးမြင့်ကို မိတ်ဆက်ပေးတိုင်း သူ့ယောက်ျားသူ့ယောက်ျားနဲ့ ဒီကောင် သူ့ကိုယ်သူ မိန်းကလေးတယောက်ထင်နေလားမသိ။သူကမိတ်ဆက်‌ပေးလိုက်တဲ့အချိန်ဆို ထိုအမျိုးသမီးတွေကလည်း

"ဟယ်တော် အသားဖြူလိုက်တာ အသားအရေကောင်းတယ်နော်"

"ကလေးက ရုပ်ကသာမောင်တင်မြင့်နဲ့ဆင်သလိုရှိတာ အသားကတော့ ဒီဘက်ကအဖေလိုပဲနော်"

"ငယ်ရွယ်ပြီကြည့်ကောင်းလိုက်တာကွယ် နှစ်ယောက်လုံး"

စသဖြင့် သူတို့ကိုအမျိုးမျိုးပြန်တုံ့ပြန်တတ်ကြသည်။ သူ့အသိတွေကလည်း တမျိုးထင်သွားတာ‌တွေဘာတွေမရှိဘဲ ထိုအမျိုးသမီးတွေက တင်မြင့်ကို သူလိုငါလို အိမ်ရှင်မတယောက်လိုသာ သဘောထားပုံရသည်။ဟင်းပတ်ရောင်းတာက မပင်ပန်းဘူး သူတို့အိမ်ရှင်မကြီးတွေ အတင်းတုပ်တဲ့အကြောင်းအိမ်အလုပ်လုပ်ရတာဘယ်လောက်ပင်ပန်းကြောင်းတွေ နားထောင်ရတာက ပိုပင်ပန်းတယ်။အခုလည်း ဈေးရောင်းပြီပြန်လာတော့နေ့လည်ပိုင်းရေတယောက်တလှည့်ချိုးပြီ တင်မြင့်က သားကိုသနပ်ခါးလူးပေးနေတာဖြစ်သည်။အလုပ်တခုတော့တွေ့ထားပြီပြီ တင်မြင့်ခွင့်ပြုဖို့ပဲကျန်တော့တယ်။

"တင်မြင့် ဟိုလေ ငါပြောစရာ...."

"ဟမ် ဒီမှာ တချက်လာဦး"

"ငါပြောစရာလေးရှိလို့ဆိုနေ"

"အေးလေ အရင်ဆုံး ဒီမှာ ငါသနပ်ခါးဖျော်တာများသွားလို့ လာပါဆိုကွာ"

ကျစ်

ဟမ်?။အခုမိုးမြင့်ငါ့ကို စုပ်သပ်လိုက်တာမလား ။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Kde žijí příběhy. Začni objevovat