အပိုင်း(၂၂)

159 11 2
                                    

Unicode

နှစ်ယောက်သား‌‌တဲကိုပြန်ရောက်လာတော့ ယူလာတဲ့ပစ္စည်းတွေနေရာတကျပြန်ထားပြီ မိုးမြင့်က ပုခက်ချည်သည်။ပြီတော့ အိပ်နေတဲ့ သားသားကို ဖြည်းဖြည်းလေးချသိပ့်လိုက်သည်။မနေ့တည်းက တဲကိုဘာမှမသိမ်းပဲဒီအတိုင်းချန်ခဲ့တာမို့ အိုးတွေပန်းကန်တွေချိုင့်တွေဆေး၊သန့်ရှင်းရေးပြန်လုပ်ရသည်။လုပ်ပြီ‌ကုန်တော့ မိုးမြင့်က ခြေထောက်ဆေးကာ ကုတင်ပေါ်လှဲပြီး

"အား....အညောင်းပြေသွားတာပဲ တင်မြင့် ပြီကုန်ပြီမလား ဒီမှာလာလှဲတော့လေ"

ကုတင်ပေါ်လှဲနေတဲ့လူက သူ့ဘေးက ခေါင်းအုံလေးကိုပုတ်ပြကာ တင်မြင့်ကိုလှမ်းခေါ်သည်။လုပ်စရာတွေပြီပြီးဆိုပေမဲ့ တင်မြင့်က နည်းနည်းချေးများတဲ့ထဲပါတာမို့ မညီမညာဖြစ်နေတဲ့ အင်္ကျီတွေကို ပြန်စီးနေတာဖြစ်သည်။ဟူးး..ဘယ်တတ်နိုင်မလဲ သူများကခေါ်နေပြီဆိုတော့လည်း အနားယူရတော့မှာပေါ့။တင်မြင့်ဟိုကောင်မေးတာကိုခေါင်းသာညိတ်ပြလိုက်ပြီ ခြေထောက်တွေလက်တွေဆေးကာ သူလည်း လာလှဲချလိုက်သည်။

"အညောင်းပြေသွားတာပဲမလား"

"အင်း"

"ဟဲဟဲ ဒါနဲ့ဘေးစောင်းကနေကြည့်မှ မင်းနဖူးကတော်တော်မောက်တာပဲကွ ဟဟ"

‌ဘေးစောင်းလှည့်ကာ ပြောလာသူကို တင်မြင့်လည်း ပလက်လန်အိပ်‌နေရာမှ ဟိုကောင်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဘေးစောင်းလေးလှည့်လိုက်ကာ

"မင်းရဲ့ နှာခေါင်းပေါက်ကလည်း ကျယ်လွန်းလို့ ငါနဲ့သားသားတောင် ဝင်နေလို့ရနေပြီ"

"ဟဟား... ထည့်ထားလို့ရရင် ထည့်ထားချင်စမ်းပါဘိ"

မိုးမြင့်က လူကို ဒီလိုရင်ခုန်တတ်အောင်လုပ်တတ်တဲ့လူမျိုးဆိုတာသူဖြင့်တခါမှမသိခဲ့။အခုတော့ဖြင့် စကားနဲ့မကပဲ လက်ကပါ တင်မြင့်ရဲ့ ဆံပင်လေးတွေကိုဖွနေသည့်အပြင် တချက်တချက် နဖူးကိုလည်း သူ့လက်နဲ့ ကိုင်ကာ ရယ်လိုက်သေးသည်။တင်မြင့်နဖူးက မောက်ပြီ ရှည်တော့ သူ့လက်ငါးချောင်းလုံးနဲ့ဆံ့တာကိုကြည့်ပြီ သဘောကျနေတာဖြစ်သည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now