အပိုင်း(၈)

202 14 0
                                    

(Unicode)

မနက်မိုးမှောင်ရေဘူးဆောင် ဆိုသည့်အတိုင်း မနက်စောစောက မိုးအကြီးကြီးရွာ‌ချပြီနောက်တွင် နေကျစ်ကျစ်တောက်ပူတော့သည်။
သူတို့ထမင်းစားပြီ တဲ‌လေးအားသပ်သပ်ရပ်ရပ်ဖြစ်အောင်သိမ်းရှင်းလိုက်သည်။ပေါက်စလေးကိုလည်း ဒိုင်းဘာအသစ်လဲပေးပြီ အနှီးတထည်ပတ်ထားလိုက်သည်။

"သွားတော့မလား"

" နေဦး မင်းလက်ရှည်ဖြစ်ဖြစ်ဝတ်သွားလေ နေပူနေတဲ့ဟာကိုး"

ပြောရင်းဆိုရင်းဖြင့် မြင်းကျားအိတ်ထဲက သူ့လက်ရှည်ပါးပါးလေးတထည်ကိုမိုးမြင့်အားလှမ်းပေးလာသည်။မိုးမြင့်ဝတ်လိုက်ပြီ ပေါက်စကို ချီကာ ဆိုင်ကယ်ပေါ်တက်ရန် ပြင်လိုက်စဉ်

"‌ဟိတ်..ဟိတ်..နေပါဦး မင်းပေါက်စကိုချီပြီဆိုင်ကယ်မောင်းမို့လား"

"အေးလေ အရှေ့မှာဆိုလေလည်းရတယ်လေ ပေါက်စလေးပိုပျော်မှာပေါ့"

"မင်းဦးနှောက်ကဒေါ်ဒေါ်မေရဲ့ဗိုက်ထဲကျန်ခဲ့သလားပဲ စဉ်းစားတွေးခေါ်ချင့်ချိန်ကြံဆဉာဏ်ကိုမရှိဘူး"

တင်မြင့်ဆိုသည်မှာလေ စကားပြောရင် ပါးစပ်နဲ့ပဲ မပြောဘူး လက်ကပါထည့်ပြောတတ်သည်။ခုလည်း သူ့ခေါင်းကို တချက် ခေါက်ပြီမှ ပေါက်စလေးအား ဆွဲချီသွားသည်။

"အိမ်တွင်းအကြမ်းဖက်မှုတွေများလိုက်တာ"

"အမယ် တဲထဲမှာထားထားပြီတော့များ သွားမယ်သွားမယ်"

တခွန်းမကျန်စွာနေသော အမဲတူးတုံးကြီးကြောင့် သူ့မှဘာသံမှမထွက်ရဲတော့ပေ။ထိုနောက်ဆိုင်ကယ်လေးမှာ တဲမှထွက်ခွာလာကြတော့‌သည်။လမ်းမှာနဂိုတည်းက မညီတာကိုမှ မိုးရာသီ‌ဆို‌တော့ လမ်းချော်သည်။အနောက်မှာလည်းကိုယ်တော်ကြီးများ လိုက်ပါလာသောကြောင့် သူ့မှာ သတိအကြီးကြီးထားကာ မောင်းနေရသည်။

"ဟေ့ မင်းလက်ကိုင်ငြိမ်ငြိမ်မမောင်းတတ်ဘူးလား"

"ဒီလောက်လမ်းပျက်နေတာ ရှောင်ပြီမောင်းမှပေါ့ တည့်တည့်ကြီးမောင်းရင် ဆိုင်ကယ်ဖင်ထောင်ပြီ မင်းတို့နှစ်ကောင်က ဘွက်လူးနေတဲ့ဝက်နှစ်ကောင်ဖြစ်နေမှာ"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now