အပိုင်း(၃၀)

192 13 0
                                    

"*ငါတို့ရဲ့မြေးကောမတွေ့ပါလား ကျန်းမာရဲ့လား စိတ်ပူနေခဲ့တာ မွေးလာရတာကလည်း ပုံမှန်မဟုတ်တဲ့လူဆီကနေဆိုတော့လေ...အော် ငါ့မြေးလေးကို သနားလွန်းလို့ ဘယ်လိုလုပ်ရပါ့..*"

"*ဟုတ်ကဲ့အမေ ဘိုင်လေးက ကျန်းမာရေးကောင်းကောင်းနဲ့ကြီးပြင်းနေပါတယ်ဗျ အခုဆို ထိုင်တတ်ပြီ အစာစားဖို့စမ်းနေပါပြီ"

ဝမ်းက အမေ့အပေါ်ဘယ်လောက်ရိုကျိုးနေပါစေ ကောင်းကောင်းဆက်ဆံပြောဆိုပါစေ အမေက ဝမ်းကိုအမြဲတမ်း ရွံရှာနေတဲ့မျက်လုံးတွေနဲ့ကြည့်တတ်သည်။ခုလည်းဝမ်းကိုကြည့်နေတဲ့ အမေရဲ့မျက်လုံးအနေအထားတွေကိုသူမကြိုက်‌သောကြောင့် ချိုင်းက

"*ဝမ်းမေမေက ကိုယ်နဲ့နှစ်ယောက်တည်း ပြောစရာစကားတွေရှိနေပုံပဲ အပေါ်မှာဘိုင်လေးနဲ့သွားနေနော်*"

"*အွန်း တခုခုလိုရင်ခေါ်လိုက်နော်*"

ချိုင်းယိုခေါင်းသာညိတ်ပြလိုက်ပြီ အပေါ်တက်ဖို့မျက်ရိပ်မျက်ကဲပြလိုက်သည်။ဝမ်းအပေါ်တက်သွားတာ သေချာမှ ချာလီဘက်ပြန်လှည့်ကာ

"အမေအိုကြီးက စံအိမ်မှာအေးအေးဆေးဆေး နေ,နေရမှာ မဟုတ်ဘူးလား"

"မြန်မာလိုပြောမယ်ဆိုလည်း သမက်လေးကိုဘာလို့အိမ်ပေါ်တက်သွားခိုင်းသေးလဲ"

"လာရင်းကိစ္စကိုသာပြောပါ စကားတွေကွေ့ဝိုက်မနေပါနဲ့ အမေ"

"အင်းး...ငါမသိတဲ့ကိစ္စကြီးတခုကို လုပ်နေတယ်လို့ကြားတယ်"

"အော် အဲ့ဒါလား ဒီတိုင်းပရိဟိတအဖွဲ့အသေးအမွှားလေးတခုပါ ကိစ္စကြီးရယ်လို့တော့မဟုတ်ပါဘူး"

"ဆိုတော့..? အဲ့ပရိဟိတက ဘာအတွက်လဲ"

"ပရိဟိတပါဆို အကူညီလိုနေသူတွေကိုကူညီဖို့ပေါ့ဗျာ "

ချိုင်းပြောလိုက်တော့ ချာလီရက မျက်ခုံးပင့်ကြည့်လာပြီ သူ့နှုတ်ခမ်းသူကိုင်သည်။ပြီနောက်သူ့အိတ်ထဲက နှုတ်ခမ်းနီနဲ့မှန်သေးသေးလေးထုတ်ကာ ရဲ‌ရဲ‌နီနေတဲ့နှုတ်ခမ်းပေါ် ပိုရဲတဲ့နှုတ်ခမ်းနီလေးကိုထပ်ကာဆိုးလိုက်သည်။သူ့စိတ်တိုင်းကျဆိုးပြီသွားတော့ ထိုနီရဲနေတဲ့နှုတ်ခမ်းများကိုဖွဟလျက် သွားတက်လေးပေါ်တဲ့အထိရယ်ကာ

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now