အပိုင်း(၄)

247 18 0
                                    

(unicode)

"ပေါက်စ ကဘယ်တယောက်လဲ ဝင်သွားလို့ရပြီနော်"

ဆရာမခေါ်လာတော့ တခြားကလေးလာပြတဲ့လူ‌တွေအကြည့်က သူတို့နှစ်ယောက်ဆီတွင်ဒိတ်ခနဲ။ကောင်တာတွင် ကလေးနာမည်နှင့်အသက်များမေး‌လာသောကြောင့် သူတို့နှစ်ယောက်လည်းဘုမသိဘမသိရမ်းဖြေကာ နာမည်ကိုတော့ ပေါက်စလေး ဟူ၍။

"ဒီမှာထိုင်ပါရှင့်"

"ဟုတ်ကဲ့ဗျ"²

"အော် ဟို ဇနီးခင် အယ် ယောက်ျားခင်ပွန်းတွေလားမသိဘူး?"

"‌ဗျာ"
"ဗျာ"

သူဇာအမေးကို အိပ်ချင်ရာကနေမျက်လုံးပြူးပြူးပြဲပြဲဖြစ်သွားကာ ဗျာ ဟုတသံတည်းထွက်လာသောနှစ်ယောက်မှာ မျက်ကွင်းများသည် ပန်ဒါကဲ့သို့။သူတို့အားကြည့်ကာအနည်းငယ်ပြုံးပြီ အူကြောင်ကျားနှစ်ယောက်ဟုသူဇာမှတ်ချက်ချလိုက်သည်။

"ရှက်စရာမလိုပါဘူး ကျွန်မက ပွင့်လင်းမြင်သာတဲ့လူငယ်မို့ အားလုံးကိုလက်ခံပြီသားပါရှင်"

"အယ်.ဟဲ..ဟဲဟဲ..အဲ့လိုတော့မဟုတ်...."

ခေါင်းကုပ်ကာရယ်ကျဲကျဲလုပ်နေသောသူ၏ခြေထောက်အား တင်မြင့်အားပါပါ နင်းချေလိုက်ပြီ မျက်စပစ်ပြလိုက်သည်။ပြီနောက်ဆရာမအားပြုံးပြကာ

"အာ...ဟုတ်ပါတယ်ဗျ အမျိုးသားဖြစ်သူကနည်းနည်းရှက်တတ်လို့ပါဗျ"

"အော်..အင်း ရှက်စရာမလိုပါဘူးကွယ် ဒါနဲ့ ကလေးက?"

"အော် ဟုတ် ပေါက်စလေးက ရွာကဘုန်းကြီးကျောင်းမှာလာထားသွားတဲ့ကလေးပါ ဘုန်းကြီးကျောင်းကလည်း ကလေးတွေများတာနဲ့ ကျနော်တို့ကလည်း ပေါက်စလေးကိုမြင်မြင်ချင်း ချစ်မဝဖြစ်သွားလို့ မွေးစားထားတာပါဗျ"

"အော် အဲ့လိုကိုးး ဒါဆိုဆရာမ ကျန်းမာရေးတွေစစ်ကြည့်မယ် ကလေးကိုလှဲခိုင်းလိုက်နော်"

ပေါက်စလေးမှာ တညလုံး မအိပ်ပဲဂျီကျထားကာ မနက်ရောက်မှကောင်းကောင်းအိပ်တော့သည်။ခုလည်းအိပ်တာ ဟောက်တောင်ဟောက်နေသေး။'ဟွန့် ‌ကလိမ်ကကျစ်ပေါက်စ'။ ပေါက်စအားကြည့်ကာ နခမ်းအနည်းငယ်ထော်နေသောသူကြောင့် မိုးမြင့်မှာရယ်ချင်မိသွားသည်။ညဦးပိုင်းမှာကောင်းကောင်းအိပ်ပြီ ညလယ်ပိုင်းရောက်တော့ ပေါက်စက ရစ်တော့တာပဲ။ မိုးမြင့်ချီလည်းအချီမခံ တင်မြင့်ကိုယ်မှာသာ မျှော့လိုဖက်တွယ်ထားသည်။တင်မြင့်နားပဲကပ်တာဆိုတော့ မိုးမြင့်အိပ်ရလားဆို 'ဟင့်အင့်'။ အကြောင်းမှာ တင်မြင့်၏ ပွစိပွစိအသံများကြောင့်ဖြစ်သည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now