အပိုင်း(၃၁)

193 18 1
                                    

Unicode

"မောင့်ကိုပဝါလေးယူပေးပါဦး"

"မောင်တို့ထမင်းစားကြမလား"

"မောင်တို့‌မြစ်ထဲရေဆင်းကူးကြမလား"

"မောင့်ကိုဒါလေးလာကူလုပ်ပေးပါဦး"

"မောင့်ကို...."

"တော်ပါတော့ကွာ နားတွေလည်း ညီးလှပါပြီ မိုးမြင့်မောင်ရေ"

ဟိုနေ့ကပြန်လာတည်းက တမောင်တည်းကို မောင်နေလိုက်တာ အခုဆို သုံးလေတောင်ကြာပြီ။အစပိုင်းတော့ ကိုယ်လည်းနည်းနည်းရှက်ကိုးရှက်ကန်းပေါ့။နောက်ပိုင်းကျ တခုခုလည်း တမောင်မောင်နဲ့ဆိုတော့ အမြင်တောင်ကပ်ချင်လာပြီ။ပြီရင်ဘေးမှာလည်း ကပ်ဖားရပ်ဖားနဲ့ သားတောင် သူ့ဟာသူထိုင်ဆော့တတ်သေးတယ် သူက ကလေးထက်ပိုဆိုးနေတယ်။

"ပြောတော့ မောင့်အသံမကြားရရင်မနေနိုင်ဘူးဆို မောင့်အငွေ့အသက်လေးမရရင် မလုံခြုံတော့ဘူး‌ဆို"

"ဟမ် ဒါတော့ ဒါပေါ့ကွာ အခုလိုကြီးကကျ"

"အားလုံးက လျှာအပြောတွေပဲလားဟင် ဟုတ်လားလို့ "

သူ့လက်ကြီးကြီးတွေနဲ့လူကို ခါရမ်းပြော‌ဆိုနေ‌သော  ကလေးကြီးကို တင်မြင့်လည်းအတော်ကိုစိတ်တွေညစ်လှပါပြီ။သူ့ခေါင်းသုတ်ပေးတုန်းက နည်းနည်းလုပ်မိတော့ မူးတယ်တဲ့ အခုသူ့လုပ်တာကကျတော့ အရိုးတွေတောင် လွှင့်တော့မယ် ကိုယ်ကသေးသေးလေး သူကအားကြီးနဲ့ကိုး။

"မဟုတ်ပါဘူးကွာ မင်းကလည်း ကဲ မင်းအခုအားနေတယ်မလား"

"ဟုတ်ကဲ့ အားနေပါတယ်ဗျ"

"လုပ်စရာတွေကုန်ပြီလား"

"ကုန်ပြီ တံမြက်စည်းလည်းလှဲပြီးပြီး ရေလည်းဖြည့်ပြီပြီး သားကိုလည်း ထမင်းကျွေးအဝတ်လဲပေးပြီပြီး"

"ကုန်တာသေချာပြီလား ငါထစစ်ကြည့်မှ တခုခုကျန်ရင် ငါ့ကိုအဆိုးမဆိုနဲ့နော်"

တင်မြင့်ကပြောပြီ လုပ်လက်စအလုပ်ကိုချကာ တအိမ်လုံးပတ်ကြည့်သည်။ဒါကမိုးမြင့်အတွက် အလုပ်ပြီးမပြီးစစ်တယ်ဆိုတာထက် အပြစ်ရှာနေသလိုဖြစ်နေမလားတော့မသိဘူး။ဒါမဲ့လည်း အနားမှာတချိန်လုံးလိုက်ကပ်နေတာ ခွာမရပြုမရနဲ့ သားထက်ဆိုးနေတော့အလုပ်တခုခုပေးထားမှရတော့မယ်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now