အပိုင်း(၂၈)

161 13 2
                                    


Unicode

သူတို့အခု မြို့ကဈေးထဲမှာရောက်နေတာဖြစ်သည်။ဝယ်စရာခြမ်းစရာတွေကုန်သွားပြီဆိုမဲ့ တင်မြင့်က တခုခုဝယ်စရာရှိလို့ဆိုပြီ သူနဲ့သားကိုအရိပ်ရတဲ့နေရာလေးတခုမှာ ပစ္စည်းတွေနဲ့ထိုင်စောင့်နေခိုင်းတာဖြစ်သည်။ထိုင်နေရင်းဗိုက်ဆာလို့ မိုးမြင့်လည်းဝယ်လာတဲ့ သီးမွှေးငှက်ပျော်လေးစားမလားလို့ သားက

"အဲ...အင့်...."

"မရဘူးလေ သားစားလို့မရဘူး"

"အင်း...မဲ့..အီး......"

"နောက်ကြီးလာရင် ဖေဖေကျွေးမှာပေါ့ ခုဗိုက်ဆာလို့လား"

ဗိုက်ဆာတယ်ထင်ပြီ နို့ပေးသောက်တော့လည်းဆရာကြီးကနို့ဘူးကိုစိတ်တောင်မဝင်စား ။ဆရာကြီးကသွားကသာမပေါက်သေးတာ အကုန်မြည်းကြည့်ချင်နေပြီ အစားပုပ်ကြီး။အခုလည်း မိုးမြင့်စားတာကို မျက်လုံးပြူးပြူးကြီးတွေနဲ့ကြည့်ပြီ လက်သေးသေးလေးတွေကလည်းလာလုနေသည်။သူ့ကိုအော်လို့မရ အော်မိရင် ‌မျက်ဝန်းကြီးတွေက မျက်ရည်တပေါက်ပေါက်ကျအောင်ငိုတတ်သည်။

"မငိုရဘူးလေ သားရဲ့ စားလို့မရသေးလို့ပေးမကျွေးတာလေ ဖေဖေက မကျွေးချင်လို့မှမဟုတ်ပဲ"

"အီး....."

ကဲ လုပ်ပြီ ဆရာကြီးကတော့ ဂျီစကျပါပြီ။ချော့မရပြုမရနဲ့ တကိုယ်လုံးကောက်ကွေးလိမ်နေကော။ဒီကောင်လေးက မိုးမြင့်ကိုဆို ဒီလိုပဲ နိုင်တာနိုင်တာဆိုတာလေ ပြောမနေနဲ့ တင်မြင့်နဲ့တပုံစံတည်းပဲ။တင်မြင့်ချီထားရင်တော့ ငြိမ်နေကော။ဂျီကျတာဘာဘာညာညာမရှိ တင်မြင့်ကမလုပ်နဲ့မကိုင်နဲ့မစားနဲ့ဆိုပြီပါးစပ်က ပြောစရာမလိုဘူး။တင်မြင့်ရဲ့အကြည့်တချက်အောက်မှာ သူတို့သားအဖနှစ်ယောက်လုံး ပြားပြားကိုဝပ်လို့။ဂျီကျနေတဲ့ဆရာကြီးကိုသူချော့လို့မရမှန်းသိလို့ တင်မြင့်ကိုသာမျှော်နေမိသည်။

"ကဲ ပြန်လာပါပြီဗျာ"

"အဲးးး...."

"အခြေအနေက မင်းမြင်တဲ့အတိုင်းပဲ"

"ဟာဟား လာပါဦး ကလေးက ဘာလို့မျက်ရည်တွေနဲ့ဖြစ်နေရတာတုန်း ဖေမြင့် ဘာလုပ်လိုက်လို့လဲ ငါ့သားကို"

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now