အပိုင်း (၁၈)

170 12 2
                                    

Unicode

အိမ်ပြန်ရောက်တော့ ကိုကြီးတို့ကသူတို့နေရမယ့်အခန်းကိုပြသည်။အခန်းကတော့အတော်အသင့်ကျယ်ပြီအထဲမှာကုတင်တလုံးရှိသည်။သူတို့ကို ဖျားရယ် ခေါင်းအုံးရယ်‌စောင်ရယ်နှစ်ခုစီ လာပေးပေမယ့် မိုးမြင့်က ဘာထဖြစ်မှန်းမသိ တခုစီဆိုရပြီဆိုပြီငြင်းသည်။တင်မြင့်လည်း အားနာတာနဲ့အငြင်းမပွားပဲ တခုစီသာယူလိုက်သည်။သူပြောတဲ့အတိုင်းမလုပ်ရင် မိုးမြင့်က ချီးမှန်ထားတဲ့မျက်နှာကြီးလုပ်ထားတတ်သည်။

အခုတော့ ကိုကြီးတို့တယောက်တ‌လှည့်ရေချိုးတုန်း တင်မြင့်က လမ်းမှာဝယ်ခဲ့တဲ့ခေါက်ဆွဲခြောက်ကိုပြုတ်နေတာဖြစ်သည်။သားကိုတော့မိုးမြင့် ရေဘတ်တိုက်ပေးပြီ အနှီးတွေအသစ်လဲကာ သိပ့်နေတာဖြစ်သည်။ဒီနေ့ကအလုပ်များတော့ သူတို့လည်း အဆင်ပြေသလိုပဲလုပ်စားလိုက်ကြတာဖြစ်သည်။အခုက ၆လပိုင်းထဲရောက်နေပြီမို့ ကျောင်း‌တွေဖွင့်နေပြီဖြစ်သည်။ခနနေကျရင် အိမ်မှာကလေးတွေစာလာလုပ်ကြတော့မှာဖြစ်သည်။

"တင်မြင့် "

"ဘာလဲ"

"သားကအိပ်ဖို့အစီအစဉ်မရှိဘူးထင်တယ်"

"ဟားဟား ဒါဆိုလည်းသိပ့်မနေနဲ့လေ"

မိုးမြင့်က သူ့ဘေးမှာလာပြီ ငိုသံကြီးနဲ့လာပြောသည်။ဟုတ်လည်းဟုတ်သည်။သားကို သူစသိပ့်တုန်းက မိုးနည်းနည်းဖြူသေးတယ် ခုက မှောင်တောင်မှောင်နေပြီဆိုတော့ သူလည်းညောင်းနေတာနေမယ်။

"အော်အမြင့်တို့ ရေချိုးရင်ချိုးလိုက်တော့လေ မှောင်နေပြီ ညဆို သိပ့်မြင်ရတာမဟုတ်ဘူး"

"ဟုတ်ကဲ့ကိုကြီး မိုးမြင့်သားကိုပေးလာ မင်းရေအရင်သွားချိုး‌လိုက်"

"အမြင့်လည်းရေသွားချိုးလိုက်လေ ကလေးကို ကိုကြီးတို့ကြည့်ပေးမယ်"

"အယ် အဲ့လိုလုပ်လို့ကောင်းပါ့မလား"

"ကောင်းပါတယ်သွားချိုးလိုက်ပါ ပိစိလေး ဦးဦးဆီလာမလား"

"ခစ်ခစ် အဲ....."

ကိုကြီးကလမ်းကမ်းတော့ သားကရယ်ပြကာ လိမ်လိမ်မာမာနဲ့ကိုကြီးဆီသွားသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now