အပိုင်း (၂၁)

160 14 0
                                    

Unicode

"သား အိမ်ကိုခနလိုက်ခဲ့မယ် ဟုတ်"

"ဟုတ်ကဲ့ မေမေ "

တင်မြင့် အိမ်ကို ရောက်တော့ အိမ်‌ရှေ့မှာဖေဖေက ဝါးအနှီးထိုင်ဖျာနေသည်။ သူတို့ဝင်လာတာကိုမြင်တော့ဘာမျှမပြောဘဲ တဖက်သို့မျက်နှာလွဲသွားသည်။အိမ်ကိုရောက်တော့ သူတို့ရေသောက်ကြပြီအမောဖြေကာ မေမေပြောလာမဲ့စကားကို စောင့်နေကြသည်။မိုးမြင့်နဲ့သူကတူတူထိုင်ပြီ မေမေရယ်မမတွေရယ်နဲ့ဒေါ်ဒေါ်မေတို့က မျက်နှာချင်းဆိုင်မှာထိုင်ကြပြီ ဒေါ်ဒေါ်‌မေလက်ထဲမှာတော့ စာရွက်စာတမ်းအချို့ ကိုင်ထားသည်။

"သား ဟိုနေ့က မင်းဖေဖေပြောခဲ့တာနဲ့ ပက်သက်ပြီ စိတ်ခုနေလား မေမေ မင်းကို မပြောပြဖြစ်လောက်ဘူးလို့တွေးထားခဲ့ပေမယ့်လည်း အခြေအနေတွေက ဒီလိုဖြစ်သွားတော့ သားကလည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ဖြစ်တော့မှာ ဆိုတော့ ပြောပြသင့်ပြီလို့ မေမေထင်တယ်"

"ဟုတ်ကဲ့မေမေ သားကိုအားမနာပဲပြောလို့ရပါတယ်"

"အင်း အစကနေပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၁၈ နှစ်လောက် ကအကြောင်းကို ပြန်စပြောရမယ်"

<<<<<<<<<<<<<
1992ခုနှစ်

မမြင့်ခင်တို့လင်မယားနှစ်ယောက်က ထိုင်းကပစ္စည်းတွေကို ဝယ်ပြီ ဒီဘက်ရွာလေးတွေမှာပြန်ဖြန့်ချိသော စီးပွားရေးကိုလုပ်ကိုင်ကြသည်။ ဆပ်ပြာတွေအဝတ်တွေစားသောက်အမွှေးအကြိုင်စတဲ့အရောင်းသွက်မယ့်ပစ္စည်းတွေကိုဝယ်ချလာပြီ ဒီဘက်မှာ ပြန်ပတ်ရောင်းသည်။ကုန်တာနဲ့ပြန်ဝယ် ပြီရင်ရောင်းဖြင့် လုပ်ငန်းဟာလည်ပတ်ပြီ သူတို့အေးဆေးစားသောက်နေထိုင်နိုင်ကြသည်။သူတို့မှာ သမီးလေးနှစ်ယောက်ရှိပြီ လင်မယားနှစ်ယောက်လုံးဟာ အရမ်းကိုသားလေးလိုချင်ခဲ့ကြသည်။ 1992ခုနှစ်ရဲ့ နှစ်အလယ်ပိုင်းလောက်မှာ မမြင့်တယောက် ကိုယ်ဝန် စလွယ်လာရသည်။အသက်ကလည်းကြီးနေပြီဖြစ်တာကြောင့် ကိုယ်ဝန်ရဲ့အခြေအနေကမတည်ငြိမ်ပဲ နာကျင်တာနေထိုင်မကောင်းတာတွေအမြဲဖြစ်လေ့ရှိသည်။ဒီလိုဖြစ်နေချိန် ထိုင်းမှာအခြေချနေတဲ့ အမျိုးတယောက်က သူတို့ဆီမှာ မြန်မာလူမျိုးဖွင့်ထားတဲ့ ဆေးခန်းလေးရှိကြောင်းနဲ့ မမြင့်က အသက်ကြီးနေပြီဖြစ်လို့ မီးဖွားရင် ပိုမိုစိတ်ချရတဲ့ ဆေးရုံဆေးခန်းကိုရွေးသင့်ကြောင်း ပြောလာကြသည်။ သူတို့လင်မယားလည်း ကလေးအတွက် ပိုကောင်းတဲ့ရွေးချယ်မှုကို လုပ်လိုက်ကြပြီ သမီးတွေကို အိမ်နီးချင်းလည်းဖြစ် ဝမ်းကွဲလည်းတော်တဲ့ ညီမဖြစ်သူ မေနွယ် နဲ့ထားခဲ့ကာ ထိုင်းကိုတက်လာခဲ့ကြသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now