5နာရီလောက်ကားထပ်စီးပြီနောက် ကားဂိတ်သို့ရောက်လာကြသည်။ညနေလည်းဆောင်းနေပြီမို့ မိုးမြင့်နဲ့တင်မြင့်သည် ကားဂိတ်က တက္ကစီသမားအား လိပ်စာကဒ်ပြကာလိုက်စီးလာလိုက်သည်။တခါမှမြို့ပေါ်မရောက်ဖူးသည်မို့ ဒီလိပ်စာကဒ်သာရှိပြီဘယ်နေရာဘယ်လမ်းအကြောင်းမှမသိကြပေ။တက္ကစီစီးရသည်မှာ နာရီဝက်ရှိလာပြီမို့ မိုးမြင့်က
"ဟိုလေ ဦးလေးခင်ဗျ တော်တော်ဝေးဝေးသွားရဦးမလားမသိဘူးဗျ"
"အင်းနောက်ထပ် ၄၅မိနစ်လောက်မောင်းရဦးမှာ"
ထိုစဉ်တင်မြင့်က
"အော်ဒါဆိုကလေးအသုံးအဆောင်ဝယ်လို့ရတဲ့တစ်ဆိုင်မှာ ခနရပ်ပေးလို့ရမလားဗျ"
"အော် ရတာပေါ့ အရှေ့လေးနားမှာဆိုတဆိုင်ရှိတယ်"
"ဟုတ် အဲ့မှာရပ်ပေးပါဦးဗျ"
ခဏကြာတော့ တက္ကစီကားလေးသည်စတိုးဆိုင်တခုရှေ့ရပ်လိုက်သည်။မိုးမြင့်ကတော့ ဆိုင်ရှေ့အရိပ်နားလေးမှာ ပေါက်စလေးအားချီကာလမ်းလျှောက်နေလိုက်သည်။တလမ်းလုံးထိုင်နေခဲ့ရတာမလား။တင်မြင့်ကားပေါ်ကဆင်းကာ ဆိုင်ထဲဟိုဟိုဒီဒီပတ်ကြည့်လိုက်သည်။ထို့နောက်
"အမရေ လသားအရွယ် ကလေးအင်္ကျီလေးတွေရှိလားဗျ"
"ကလေးက ဘယ်နလတုန်း မောင်လေးရေ အမမှာတော့ ၆လအရွယ်လောက်လေးတွေပဲရှိတယ်"
တင်မြင့်တချက်စဉ်းစားလိုက်ပြီနောက် ဘာဖြစ်ဖြစ်ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။မိုးရာသီမှာအေးစိမ့်နေသောကြောင့် ပေါက်စလေးအနှီးတထည်ပတ်ရုံဖြင့် အဆင်မပြေ။အခုကြိုဝယ်ထားရင် ၆လထိဝတ်လို့ရသွားမည်မလား။
"အမဒါ လက်ရှည်ဘီရှည်တွေဟုတ်?"
"ဟုတ်တယ်မောင်လေး သူက ဦးထုပ်လေးပါ အတွဲလိုက်ပါတယ်"
"ဟုတ်ကဲ့ သုံးစုံထုတ်ပေးပါဗျ ဟိုပြီတော့လေ ကလေး ၁ လ အရွယ်လောက် သောက်လို့ရတဲ့နို့မုန့်တွေဘာညာရှိလားဗျ"
"ဟင် မိခင်နို့မတိုက်ဘူးလား"
"အာ..အယ်..ဟုတ် အဲ့လိုအခြေအနေဖြစ်နေလို့ပါအမရေ"
YOU ARE READING
အချစ်များစတင်ရန် ပန်းတစ်ပွင့်