အပိုင်း (၁၁)

156 16 2
                                    

(Unicode)

သူတို့ကိုမျိုးမင်းအိမ်ရောက်တော့ ကိုမျိုးမင်းတို့မိသားစု ထမင်းစားနေကြတာနဲ့စုံသည်။

"ဟော် အတော်ပဲဗျာ ဒီမှာဆိုင်ကယ်လာပို့ရင်း ကိုမျိုးမင်းတို့အတွက် ပုဇွန်ဟင်းလေး "

မိုးမြင့်ပြောပြီ ချိုင့်ကိုထောင်ပြတော့ ကိုမျိုးမင်းအမျိုးသမီးက ချိုင့်ကိုယူပြီ‌ နောက်ဖေးသို့ဝင်သွားသည်။ကိုမျိုးမင်းရဲ့အမျိုးသမီးဖြစ်သူက တခြားရွာသူဖြစ်တာမလို့ ကိုမျိုးမင်းနဲ့လုပ်ကိုင်သွားလာနေတဲ့သူနဲ့သာသိပြီ တင်မြင့်ကိုတော့မသိပေ။သူကိုမျိုးမင်းနဲ့ စသိတုန်းက ကိုမျိုးမင်း သားအကြီးကောင်ပဲမွေးသေးဝာာ။အခုအငယ်မတယောက်တောင် ၄နှစ်အရွယ်လောက်ရှိနေပြီ။

"နောက်လိုလည်း လာယူနော် အားမနာနဲ့"

"ကျေးဇူးပါဗျာ ကျွန်တော်စဉ်းစားနေတာ အိမ်မှာ ရှိတဲ့ သုံးနေကျ စက်ဘီးလေး ပြန်ယူရင်ကောင်းမလား"

"အေး ကောင်းတယ်လေ တောကနေ ရွာ အထိက အဝေးကြီးရယ်"

"ဟုတ်တယ် အပြန်ကျ ပြန်ဝင်ယူလိုက်မယ်"

"မင်းအဖေအိမ်က ဝေးတယ်လေ ဒီလိုလုပ် ငါဆိုင်ကယ်နဲ့လိုက်ပို့ပေးမယ် အဲ့ကျမှ မင်းစက်ဘီးနဲ့ပြန်နင်းလာလိုက်ပေါ့"

"ဟုတ် ကျေးဇူးဗျ ကိုမျိုးမင်း"

မိုးမြင့်လည်း ခေါင်းတညိတ်ညိတ်လုပ်ကာ ထောက်ခံ‌လိုက်သည်။သူတို့စကားပြောတုန်း မဖူးစုံက အိမ်နောက်ဖေးကနေပြန်ထွက်လာပြီ ဆေးပြီသားချိုင့်ကို လှမ်းပေးတော့ တင်မြင့်ကယူလိုက်သည်။

မိုးမြင့်တယောက်စကားကောင်းနေတာနဲ့ ဟိုနှစ်ကောင်ကိုတောင်မေ့သွားတယ်။မိုးမြင့်ပြန်ကြည့်မိတော့ မျက်လုံးဝိုင်းကြီးတွေဖြင့် ဟိုကြည့်ဒီကြည့်လုပ်ကာ မိုးမြင့်နားမှာ ကျုံ့ကျုံ့လေးထိုင်ပြီငြိမ်နေသည်။ပေါက်စလေးလည်း တင်မြင့်နည်းတူ မရောက်ဖူးတဲ့နေရာမို့ မျက်လုံးဝန်းကြီးတွေဖြင့်စူးစမ်းနေသည်။နှစ်ယောက်သားရဲ့ တူညီတဲ့ ပြူးကြောင်ကြောင်ပုံလေး‌ကိုကြည့်ကာ မိုးမြင့်အူးယားလာပြီနှုတ်ခမ်းညွှန့်လေးတွေကွေးရုံမျှ သဘောတကျပြုံးလိုက်မိသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now