အပိုင်း(၁၀)

199 15 0
                                    

(Unicode)

"မင်းဖယ်လိုက်တော့ "

ဟင်းထိုင်မွှေနေတဲ့ သူ့ကို ခေါင်းလာခေါက်ပြီ ဘောက်ဆတ်ဆတ်ပြောလာသူကြောင့် မိုးမြင့်ကြောင်သွားသည်။ ဟင် ခုနကတောင် အကောင်းကြီးကိုး ဘာဖြစ်ပြန်တာတုန်း။သူ့လက်ထဲက ဇွန်းကို ဆွဲယူလိုက်ပြီ

"ဟင်းမွှေတာတောင် ပျော့တိပျော့ဖတ်နဲ့ "

တင်မြင့်ပြောလိုက်တော့သူ့ကို မျက်နှာဆူပုတ်ပုတ်ကြီးဖြင့်ကြည့်လာသည်။ အဲ့ဒီမျက်နှာ စူပုတ်ပုတ်ကြီးကသူ့ကိုကြည့်နေခိုက် သူ့ကလည်းပြန်လှည့်ကြည့်အခိုက် စုံသွားသောမျက်ဝန်းနှစ်စုံ။ဘာလဲ အဲ့ကောင်ဘာလို့ ဒီအကြည့်မျိုးနဲ့ ကြည့်တာလဲ။နိုးနော် ငါမင်းကို မကြွေဘူး‌နော်သားကြီးရ။မင်းဘယ်လို ခြွေခြွေမကြွေဘူး။

မိုးမြင့်က သူ့ကိုကြည့်နေတာ သူကလည်းပြန်ကြည့်လာလို့မျက်လုံးစုံသွားတာလေးကိုး။ဒီကောင်က ချက်ချင်းတဖက်ကိုပြန်လွဲသွားပြီ ‌သူ့တယောက်တည်း ခေါင်းညိတ်ခေါင်းခါ လုပ်နေသည်။ဒီကောင်ဘာဖြစ်နေတာလဲဟ။ ခနအကြာတော့ မတ်တပ်ရပ်နေတဲ့သူ့ကိုမော့ကြည့်လာကာ မျက်စောင်းထိုးသွားပြန်သည်။ထစ်ကနဲရှိမျက်စောင်းကြီးပဲ။

"ဟေ့ကောင် မင်းအဆင်ပြေရဲ့လား"

"မင်း စောက်ပူပါလား"

ဟမ်။ ငါ ဘာမှားနေပြန်ပြီလဲ။

"ပါလို့မေးနေတာပေါ့"

ဟော် ထိုးသွားပြန်ပြီအဲ့ဒီမျက်စောင်း။

"ဒီမှာ မင်းဘဲမျက်စောင်းထိုးတတ်တယ်ထင်နေတာလား"

မိုးမြင့်မေးလိုက်တော့ သူ့ကို ပြန်မော့ကြည့်လာတဲ့စိတ်ရှုပ်နေတဲ့မျက်ဝန်းတစုံ။မျက်လုံးကနေတဆင့်သူ့ကို 'စိတ်ရှုပ်စရာကောင်ကြီး'လို့ပြောခံထိလိုက်သလိုပဲ။‌

'ဒီကောင့်မျက်လုံးက ပါးစပ်ပါနေသလိုပဲ'ဟု မိုးမြင့်တွေးလိုက်သည်။

"ဘာလဲဘာလဲ ဘာလို့ အဲ့လိုလာကြည့်နေတာလဲ "

မိုးမြင့် ခပ်စွာစွာပြောလိုက်ပြီ ဟိုကောင့်ကို မျက်စောင်းကြီးကြီးထိုးပစ်လိုက်ပစ်လိုက်သည်။ထို့‌နောက် ပေါက်စလေးအိပ်နေတဲ့ ပုခက်နားလျှောက်လာလိုက်သည်။ကုတင်ပေါ်မှာထိုင်ပြီ ပုခက်ထဲက ပေါက်စလေးမျက်လုံးကိုကြည့်မိတော့

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now